တောင်ပြိုကျေးရွာမှ ပလက်ဝမြို့သို့ဆင်းလာသည့် စက်လှေကို AA မှ ဖမ်းထားမှု ယနေ့ပြန်လွှတ်ပေး

တောင်ပြိုကျေးရွာမှ ပလက်ဝမြို့သို့ဆင်းလာသည့် စက်လှေကို AA မှ ဖမ်းထားမှု ယနေ့ပြန်လွှတ်ပေး

တောင်ပြိုကျေးရွာမှ ပလက်ဝမြို့သို့ ကုလားတန်မြစ်ကြောင်းအတိုင်း ဆင်းလာသည့် စက်လှေနှင့် စက်လှေတွင်ပါရှိသည့် ဒေသခံများကို ရက္ခိုင့်တပ်မတော်မှ ဒီဇင်ဘာလ (၅) ရက်နေ့က ဖမ်းစီးခေါ်ဆောင်ထားပြီး ဒီဇင်ဘာလ ( ၆) ရက်နေ့မနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ပလက်ဝဒေသခံများထံမှသိရသည်။

ဒေသခံအချို့ပြောပြချက်အရ အေအေ အဖွဲ့မှ အစိုးရတပ်မတော်၏ ရိက္ခာများဖမ်းစီးထားမှုကို သယ်ဆောင်ရန် ခေါ်သွားခြင်းဟုဆိုကြသည်။

ပလက်ဝဒေသခံ တစ်ဦးက “ကြားရသလောက်က အစိုးရစစ်တပ်က သယ်လာတဲ့ ရိက္ခာတွေကို AAအဖွဲ့က လမ်းမှာ ပြန်ပေးဆွဲတယ်နဲ့ တူပါတယ်။ အဲဒါကို ထမ်းဖို့ အကူအညီလိုတော့ စက်လှေက ခရီးသည်တွေကိုပါ ခေါ်သွားတယ်။ တစ်ညခေါ်သွားပြီးတော့ ဒီမနက်မိုးလင်းတော့ ပြန်ရောက်လာတယ်။ ကျွန်တော့်ညီလည်း ပါသွားတယ် ကျွန်တော်ညီနဲ့လည်း မတွေ့ရသေးတော့ အခြေနေတော့ အတိအကျမသိရသေးဘူး။ အဖမ်းခံထားရတဲ့ လူအကုန်လုံး ရောက်လာပြီ။ ရိက္ခာသယ်ဖို့ လူလိုလို့ လိုင်းစက်လှေကလူတွေကို ခဏခိုင်းထားတဲ့ ပုံစံပါ”ဟုပြောသည်။

တောင်ပြိုရွာနှင့် ပလက်ဝကြား ပြေးဆွဲသည့် လိုင်းစက်လှေပေါ်တွင် ခရီးသည် (၂၀) ဝန်းကျင်လိုက်ပါသွားကြောင်းသိရပြီး တစ်နေ့လျှင် တစ်ကြိမ်သာ အသွားအပြန် ခေါက်လေ့ရှိကြောင်းသိရသည်။

ရက္ခိုင့်တပ်မတော်နှင့် အစိုးရတပ်မတော်တို့အနေဖြင့် ရိက္ခာများသည်ရန် ဒေသခံရွာသားများအား ခေါ်ဆောင်လေ့ရှိကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အချို့ဒေသခံများမှာ မည်သည့်တပ်မတော်ဖက်မှ ခေါ်ဆောင်သွားကြောင်း မသိရပဲ ပျောက်ဆုံးလျက်ရှိသည့် ဒေသခံများလည်းယနေ့အထိရှိကြောင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၃) ရက်နေ့ကလည်း ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ဖမ်းစီးထားမှုမှာလည်း တစ်လကျော်ကြာမြင့်ပြီဖြစ်ကြောင်းသိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...