ပလက်ဝ-ဇိုရမ်ပူ လမ်းစီမံကိန်းအတွက် သယ်ဆောင်လာသည့် သင်္ဘောအပြင် စစ်တပ်သင်္ဘော နှစ်စီးပါရှိသဖြင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း AAမှဆို

Salai Khup Khup — ပလက်ဝ-ဇိုရမ်ပူ လမ်းစီမံကိန်းအတွက် သယ်ဆောင်လာသည့် သင်္ဘောအပြင် စစ်တပ်မှ လက်နက်၊ ရိက္ခာသယ်ဆောင်လာသည့် သဘောၤနှစ်စီးပါရှိသဖြင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်မတော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။

ခိုင်သုခက “ အရင်ကလည်း သံဘောင်တွေ တင်လာတဲ့ သင်္ဘောတွေကို ပစ်တယ်လို့ပြောတယ် ဘာကြောင့် စစ်တပ်က အရာရှိစစ်သည်တွေ ဒဏ်ရာရနေ ရတာလဲ၊ သံဘောင်ပစ်ချင်ရင် သံဘောင်တွေဘဲ ထိမှာပေါ့ အဲဒီကတည်းကစ သူတို့ဖက်က မရိုးသားဘူး အခုလည်း ပို့ဆောင်ရေး ယာဉ်သုံးစီးပါလာတယ် နှစ်စီးက စစ်တပ်ကနေ လက်နက်နဲ့ ရိက္ခာတွေဖြစ်တယ် နောက်တစ်စီးက ပလက်ဝနဲ့ဇိုရမ်ပူ လမ်းစီမံကိန်းအတွက်ဖြစ်တယ် အဲဒါကြောင့် ပစ်ခတ်တာဖြစ်တယ်”ဟုပြောသည်။

AAအဖွဲ့မှ ချင်းပြည်နယ်၏ ဒေသဖွံ့ဖြိုးမှုကို မလိုလားသည့် စိတ်ဓာတ်ပေါ်လွန်သည်ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောဆိုခြင်းအပေါ် ရက္ခိုင့်တပ်မတော်ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခမှ ပလက်ဝ-ဇိုရမ်ပူလမ်းစီမံကိန်းအတွက် တင်ဆောင်လာသည့် သင်္ဘောအပေါ်တွင် ချင်းပြည်နယ် တစ်ခုတည်းတွက် မဟုတ်ဘဲ ရခိုင်ပြည်နယ်စီမံကိန်းအတွက်လည်း ပါရှိကြောင်း ဆက်လက်ပြောဆိုသည်။

ခိုင်သုခမှ “ဒီပရောဂျက်က ချင်းပြည်နယ် တစ်ခုတည်းကိုဘဲ ချပေးမဲ့ ဟာမဟုတ်ဘူး ရခိုင်ပြည်ထဲ အတွက်လည်း ပါတယ် အဲဒီဟာကြောင့် တိုးတက်မယ်ဆိုရင် ရခိုင်ပြည်လည်း တိုးတက်မှာဘဲ ၊ကျွန်တော်တို့ဖက်က ဘာလို့ မလိုလားဖြစ်ရမှာလဲ စစ်သင်္ဘောတွေကို ပစ်ခတ်တာက စစ်ဆင်ရေးပုံစံနဲ့ ချီတတ်လာရင် ဗမာလက်နက်ကိုင် ဆိုရင် ပစ်ခတ်မှာဘဲ ပရောဂျက်စီမံကိန်း အတွက် အသေချာဖြစ်ရင် ဘာလုံခြုံရေးမှ မလိုပါဘူး သူတို့ဟာ သူတို့သွားလို့ရတယ် ဟိုတစ်ခါက ဆောက်လုပ်ရေးဝန်ကြီးက ကြေညာပြီးသွားတာ ဘာမှမဖြစ်ပါဘူး ကုလားတန် စီမံကိန်းကို ဖမ်းချင်စရာ ဘာအကြောင်းမှ မရှိပါဘူး အခုက ဗမာစစ်တပ်က ထိုးစစ်ဆင်တယ် စစ်ဖြစ်နေတဲ့ နေရာမှာ စစ်ဆင်ရေးပုံစံနဲ့ လာရင် ကျွန်တော်တို့က ပစ်မှာဘဲ”ဟုပြောသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပလက်ဝ-ဇိုရမ်ပူ လမ်းစီမံကိန်းအတွက် သယ်ဆောင်လာသည့် သင်္ဘောအပြင် စစ်တပ်မှ လက်နက်၊ ရိက္ခာသယ်ဆောင်လာသည့် သဘောင်္ပါရှိသဖြင့် ရက္ခိုင့်တပ်မတော်(AA)မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ် ခက်ခဲ့သည်။

ပလက်ဝ-ဇိုရမ်ပူ လမ်းစီမံကိန်းအတွက် သယ်ဆောင်လာသည့် သင်္ဘောကို တားဆီးပြီးနောက် AAအဖွဲ့ဝင်များက သင်္ဘောပေါ်သို့ ရောက်ရှိပြီး ရေယာဉ်မှုးဝန်ထမ်းများကို လက်ပြန်ကြိုးတုပ်၍ ကမ်းပေါ်သို့ခေါ်ဆောင်စစ်ဆေးမူများ ပြုလုပ်ပြီး လက်ကိုင်တယ်လီဖုန်းလေးလုံးနှင့် ငွေကျပ်သုံးသိန်းခန့်အား ယူဆောင်ပြီး ပြန်စေလွှတ်ကြောင်းလည်း သိရသည်။

ပလက်ဝ-ဇိုရမ်ပူ လမ်းစီမံကိန်းအတွက် သယ်ဆောင်လာသည့် သင်္ဘောအပြင် စစ်တပ်မှ လက်နက်၊ ရိက္ခာသယ်ဆောင်လာသည့် သဘောၤနှစ်စီးပါရှိသဖြင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်မတော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောသည်။

ခိုင်သုခက “ အရင်ကလည်း သံဘောင်တွေ တင်လာတဲ့ သင်္ဘောတွေကို ပစ်တယ်လို့ပြောတယ် ဘာကြောင့် စစ်တပ်က အရာရှိစစ်သည်တွေ ဒဏ်ရာရနေ ရတာလဲ၊ သံဘောင်ပစ်ချင်ရင် သံဘောင်တွေဘဲ ထိမှာပေါ့ အဲဒီကတည်းကစ သူတို့ဖက်က မရိုးသားဘူး အခုလည်း ပို့ဆောင်ရေး ယာဉ်သုံးစီးပါလာတယ် နှစ်စီးက စစ်တပ်ကနေ လက်နက်နဲ့ ရိက္ခာတွေဖြစ်တယ် နောက်တစ်စီးက ပလက်ဝနဲ့ဇိုရမ်ပူ လမ်းစီမံကိန်းအတွက်ဖြစ်တယ် အဲဒါကြောင့် ပစ်ခတ်တာဖြစ်တယ်”ဟုပြောသည်။

AAအဖွဲ့မှ ချင်းပြည်နယ်၏ ဒေသဖွံ့ဖြိုးမှုကို မလိုလားသည့် စိတ်ဓာတ်ပေါ်လွန်သည်ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောဆိုခြင်းအပေါ် ရက္ခိုင့်တပ်မတော်ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခမှ ပလက်ဝ-ဇိုရမ်ပူလမ်းစီမံကိန်းအတွက် တင်ဆောင်လာသည့် သင်္ဘောအပေါ်တွင် ချင်းပြည်နယ် တစ်ခုတည်းတွက် မဟုတ်ဘဲ ရခိုင်ပြည်နယ်စီမံကိန်းအတွက်လည်း ပါရှိကြောင်း ဆက်လက်ပြောဆိုသည်။

ခိုင်သုခမှ “ဒီပရောဂျက်က ချင်းပြည်နယ် တစ်ခုတည်းကိုဘဲ ချပေးမဲ့ ဟာမဟုတ်ဘူး ရခိုင်ပြည်ထဲ အတွက်လည်း ပါတယ် အဲဒီဟာကြောင့် တိုးတက်မယ်ဆိုရင် ရခိုင်ပြည်လည်း တိုးတက်မှာဘဲ ၊ကျွန်တော်တို့ဖက်က ဘာလို့ မလိုလားဖြစ်ရမှာလဲ စစ်သင်္ဘောတွေကို ပစ်ခတ်တာက စစ်ဆင်ရေးပုံစံနဲ့ ချီတတ်လာရင် ဗမာလက်နက်ကိုင် ဆိုရင် ပစ်ခတ်မှာဘဲ ပရောဂျက်စီမံကိန်း အတွက် အသေချာဖြစ်ရင် ဘာလုံခြုံရေးမှ မလိုပါဘူး သူတို့ဟာ သူတို့သွားလို့ရတယ် ဟိုတစ်ခါက ဆောက်လုပ်ရေးဝန်ကြီးက ကြေညာပြီးသွားတာ ဘာမှမဖြစ်ပါဘူး ကုလားတန် စီမံကိန်းကို ဖမ်းချင်စရာ ဘာအကြောင်းမှ မရှိပါဘူး အခုက ဗမာစစ်တပ်က ထိုးစစ်ဆင်တယ် စစ်ဖြစ်နေတဲ့ နေရာမှာ စစ်ဆင်ရေးပုံစံနဲ့ လာရင် ကျွန်တော်တို့က ပစ်မှာဘဲ”ဟုပြောသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပလက်ဝ-ဇိုရမ်ပူ လမ်းစီမံကိန်းအတွက် သယ်ဆောင်လာသည့် သင်္ဘောအပြင် စစ်တပ်မှ လက်နက်၊ ရိက္ခာသယ်ဆောင်လာသည့် သဘောင်္ပါရှိသဖြင့် ရက္ခိုင့်တပ်မတော်(AA)မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ် ခက်ခဲ့သည်။

ပလက်ဝ-ဇိုရမ်ပူ လမ်းစီမံကိန်းအတွက် သယ်ဆောင်လာသည့် သင်္ဘောကို တားဆီးပြီးနောက် AAအဖွဲ့ဝင်များက သင်္ဘောပေါ်သို့ ရောက်ရှိပြီး ရေယာဉ်မှုးဝန်ထမ်းများကို လက်ပြန်ကြိုးတုပ်၍ ကမ်းပေါ်သို့ခေါ်ဆောင်စစ်ဆေးမူများ ပြုလုပ်ပြီး လက်ကိုင်တယ်လီဖုန်းလေးလုံးနှင့် ငွေကျပ်သုံးသိန်းခန့်အား ယူဆောင်ပြီး ပြန်စေလွှတ်ကြောင်းလည်း သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...