မွန်ပြည်နယ်အဆင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ဘီးလင်းမြို့နယ်တွင် ကျင်းပမည်

မွန်ပြည်နယ်အဆင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ဘီးလင်းမြို့နယ်တွင် ကျင်းပမည်

စောမြတ်ဦးသာ — ကရင်နှစ် ၂၇၅၉ ခု ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်မည့် ၈၂ နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ပွဲတော်ကို မွန်ပြည်နယ်အဆင့်အနေဖြင့် ဘီးလင်းမြို့နယ် ကဇိုင်းကျေးရွာတွင် ကျင်းပသွားမည်ဟု ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ရိုးရာယဉ်ကျေးမှုပြခန်းနှင့် အလံတင်အခမ်းအနားပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး မွန်ပြည်နယ် ၁ဝ မြို့နယ်မှ ပြိုင်ပွဲဝင် ကရင်ဒုံးအကတစ်ဖွဲ့စီ လာရောက်ယှဉ်ပြိုင်သွားမည်ဟု မွန်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူးစော ဆန်းဝင်းက ဒီဇင်ဘာ ၁ ရက်နေ့တွင် ကေအိုင်စီ သို့ပြောသည်။

“ ကရင်လူမျိုး ပျံ့နှံ့မှုတွေအပေါ်မှာ ဒုတိယအများဆုံးနေထိုင်တဲ့ ဘီလင်းမြို့နယ်မှာ ပြည်နယ်အဆင့် စုပေါင်းကျင်းပသွားမယ်။ တစ်မြို့နယ်မှာ ပြိုင်ပွဲဝင်ဒုံးအကတစ်ဖွဲ့စီနဲ့ နှစ်သစ်ကူးကျင်းပနိုင်ရေး ကျပ် ၁ဝ သိန်းစီ စုပေါင်းဆောင်ရွက်ကြတာပေါ့နော်။ ပြည်နယ်အစိုးရကလည်း ငွေကြေးထောက်ပံ့ပေးသွားမယ်ပြောတယ်။ သမိုင်းအစဉ်အလာ ယဉ်ကျေးမှုကြီးမားခဲ့တဲ့နေ့ကို အမျိုးသားရေး လက္ခာမပျောက်အောင် ထိန်းသိမ်းတဲ့ရည်ရွယ်ချက်နဲ့ ကျင်းပတာပါ” ဟု စောဆန်းဝင်းက ကေအိုင်စီ သို့ပြောသည်။

လာမည့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ကျရောက်မည့် ၈၂ နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ကို မွန်ပြည်နယ်အဆင့်အနေဖြင့် ၅ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် ကျေးရွာအသီးသီးမှာလည်း ဒေသအလိုက် နှစ်သစ်ကူးနေ့ ကျင်းပသွားမည်ဟု မွန်ပြည်နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က “ ပြည်နယ်အဆင့်အနေနဲ့ သိန်း ၁၅ဝ၊ မြို့နယ်အဆင့်မှာ ၃၅ သိန်း၊ ရပ်ဝေးရွာတွေကိုတော့ ကျပ် ၅ သိန်းစီနဲ့ ကျေးရွာပေါင်း ၂ဝ လောက်ကို ထောက်ပံ့ငွေပေးသွားမယ်။  ကရင်တွေ သွေးစည်းညီညွတ်လာအောင် အမျိုးသားရေးစိတ်ဓာတ်တွေ နိုးကြားပေးတဲ့နေ့ဖြစ်သလို ယဉ်ကျေးမှုတွေ မြှင့်တင်ဆောင်ရွက်ပေး တဲ့နှစ်ဖြစ်တဲ့အတွက် အနှစ်သာရကျန်အောင် ဆောင်ရွက်ကြပါ” ဟု ပြောသည်။

မွန်ပြည်နယ်တွင် အစိုးရကောက်ယူထားသည့်စာရင်းအရ ကရင်တိုင်းရင်းသားဦးရေ ၂၉၀, ၀၀၀ (နှစ်သိန်းကိုးသောင်း)ကျော်ရှိပြီး သထုံမြို့ နယ်တွင် အများဆုံးနေထိုင်ကြသည်။  ဒုတိယနေထိုင်မှုအများဆုံးဖြစ်သည့် ဘီးလင်းမြို့နယ်တွင် လာမည့် ၈၂ နှစ် မြောက် ကရင်နှစ်သစ်ကူးနေ့ကို ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပွဲတော်ရက်စတင်ကျင်းပသွားမည်ဟု ကျင်းပရေးတာဝန်ရှိသူ များထံမှ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...