ရူပီး သိန်း (၆၀၀) ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား မီဇိုရမ်ပြည်နယ်တွင် ဖမ်းမိ

ရူပီး သိန်း (၆၀၀) ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား မီဇိုရမ်ပြည်နယ်တွင် ဖမ်းမိ

မိုးကျော် — ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ တရားမဝင်တင်သွင်းသည့် ရူပီး သိန်း (၆၀၀) ကျော်တန်ဖိုးရှိ Methamphetamine ခေါ် စိတ်ကြွဆေးပြားအလုံးရေ (၃) သိန်းကို ဖမ်းဆီးရမိသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် Excise & Narcotics Department Anti-Narcotics Squad နှင့် အာသန်ရိုင်ဖယ်တပ် ပူးပေါင်းပြီး ပြီးခဲ့သည့် နိုင်ဝင်ဘာ ၂၈ ရက်နေ့က Selesih ကျေးရွာတွင် ချင်းပြည်နယ် ရိခေါဒါရ်မြို့နေ အသက် ၃၁ နှစ်အရွယ် ချင်းအမျိုးသား Lalsangkhuma နှင့် မီဇိုရမ် နိုင်ငံသား Vanlalthuama တို့ထံမှ စိတ်ကြွဆေးပြား အလုံး ၁ သိန်းကျော် ဖမ်းဆီးခဲ့ကြောင်း ဒေသထုတ် နေ့စဉ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

အဆိုပါ ဖမ်းဆီးမှုနှင့် ဆက်စပ်၍ ဆက်လက်စုံစမ်းစစ်ဆေးရာတွင် နိုဝင်ဘာလ ၃၀ ရက်နေ့က အိုင်ဇောလ်မြို့ ဇောင်းသွေရပ်ကွက်တွင် စိတ်ကြွဆေးပြား အလုံး (၂) သိန်းကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ယခုဖမ်းဆီးရမိသည့် Methamphetamine ခေါ် စိတ်ကြွဆေးပြားများကို မြန်မာနိုင်ငံမှ သယ်ဆောင်လာခြင်းဖြစ်ပြီး မီဇိုရမ်ပြည်နယ်မှတဆင့် အိန္ဒိယပြည်မဘက်သို့ ပြန်လည်ရောင်းချရန်စီစဉ်ထားကြသည်ဟု သိရသည်။ စိတ်ကြွဆေးပြား၏ ကာလတန်ဖိုးမှာ တစ်လုံးကို ရူပီး ၂၀၀ - ၂၅၀ ရှိသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...