ငှက်ပျောခြံအတွင်းတရားမဝင်လုပ်ကိုင်နေသော တရုတ်နိုင်ငံသားများကို စိစစ်ရန် လုံခြုံရေးအရ ခက်ခဲနေ

ငှက်ပျောခြံအတွင်းတရားမဝင်လုပ်ကိုင်နေသော တရုတ်နိုင်ငံသားများကို စိစစ်ရန် လုံခြုံရေးအရ ခက်ခဲနေ

ကချင် ငှက်ပျောခြံများအတွင်း ခွင့်ပြုချက်မရှိဘဲ ယာယီလည်ပတ်ခွင့် BP ဖြင့် အလုပ်လုပ်နေသော တရုတ်နိုင်ငံသားများကို စစ်ဆေးရန်လုံခြုံရေးအားနည်းမှုကြောင့် ခက်ခဲနေကြောင်း ပြည်နယ် လဝက ဝန်ကြီးပြောသည်။

“ကျနော်တို့ လဝက ဥပဒေအရတော့ ယာယီလည်ပတ်ခွင့်လက်မှတ် (BP) နဲ့ ဝင်ရောက်လာတဲ့သူတွေ အလုပ်လုပ်ကိုင်ခွင့်မရှိဘူး၊ သူတို့ကလည်ပတ်ခွင့်ဘဲ။ ဒါပေမယ့် လက်ရှိငှက်ပျောခင်းတွေမှာ ယာယီလည်ပတ်ခွင့်လက်မှတ်ကိုင်တဲ့သူတွေလည်း ရှိနေတယ်လို့ ကြားနေရတယ်။ ကျနော်တို့ လဝကအနေနဲ့ကျပြန်တော့လည်း အဲငှက်ပျောခင်းတွေ ထိသွားဖို့ကျတော့ လုံခြုံအပိုင်းမှာ အခက်ခဲရှိတယ်။” ဆိုပြီး လူဝင်မူကြီးကြပ်ရေးနဲ့လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ဆိုသည်။

လက်ရှိ ပြည်နယ်အတွင်း တရုတ်နိုင်ငံသားအလုပ်သမားများကို ခွင့်ပြုထားသည့် Border Pass (BP) ဖြင့်ဝင်ရောက်သူ ၄ထောင်ကျော်ခန့်ရှိပြီး ၊ ယာယီအလုပ်သမားလက်မှတ်(GC) ကိုင်ဆောင်သူ ၂ထောင်ကျော်ရှိကြောင်း သိရသည်။

အလည်အပတ်ခွင့်ပြုမိန့်လက်မှတ်(BP) အတွက် တစ်ဦးလျှင် ယွမ် ၁၀ (ကျပ်ငွေ ၂သောင်းခန့်) ပေးဆောင်စေပြီး ၁၃ညအိပ် ၁၄ ရက်သာလည်ပတ်ခွင့် ပေးသည်ထားဟု သိရပါသည်။ ယာယီအလုပ်သမားလက်မှတ်(GC) ဖြင့်ဝင်ရောက်သူများသည် နေထိုင်ခွင့် ၃လဖြစ်ကာ တစ်ဦးလျှင် ယွမ် ၆၀ (ကျပ်ငွေ ၁သိန်း ၂သောင်းခန့်) ပေးဆောင်ရကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

အလည်အပတ်ခွင့်ပြုမိန့်လက်မှတ်(BP) ကို နယ်စပ်ဂိတ်များဖြစ်သည့် ကံပိုက်တည်ဂိတ်၊ လွယ်ဂျယ်ဂိတ်မှ ထုတ်ပေးပြီး ယာယီအလုပ်သမားလက်မှတ်(GC) ကို ပြည်ထောင်စုမှ ခွင့်ပြုထုတ်ပေးထားသည်ဟု ပြောသည်။

တရားမဝင် နိုင်ငံခြားသားများအားပေးနိုင်သည့် ပြစ်ဒဏ်များမှာ လဝက အက်ဥပဒေ ၃(၁)၊ ၁၃(၁)ဖြင့် ထောင်ဒဏ် ၆ လ( သို့မဟုတ်) ငွေဒဏ်ကျပ် ၅သိန်းချမှတ်နိုင်သည့် အပြင် ပြည်နင်ဒဏ်များပေးနိုင်သည်ဟု သိရသည်။

ယာယီအလုပ်သမားလက်မှတ် (GC) ဖြင့်ဝင်ရောက်လာသူအများစုမှာ လက်ရှိစိုက်ပျိုးရေးကုမ္မဏီများ ၊ လမ်းတံတား စီမံကိန်းများ၊ ချီဖွေရေအားလျှပ်စစ်စီမံကိန်းကုမ္မဏီ၊ ဗန်းမော် တာပိန်ရေအားလျှပ်စစ်စီမံကိန်းများတွင် တာဝန်ထမ်းဆောင်သူများ ဖြစ်သည်ဟု သိရသည်။

ထို့ကြောင့် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများကို ထိရောက်စွာ ကိုင်တွယ်နိုင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်ရန် စီစဉ်နေကြောင်း လဝက ဝန်ကြီး ပြောသည်။

“ဒီလိုဖွဲ့ထားခြင်းအားဖြင့် တစ်ခုခုပြသာနာတွေ တက်တယ်။ အရေးအကြောင်းတွေဆိုရင် ချက်ချင်းအရေးယူဆောင်ရွက်မူတွေ ပြုလုပ်မှာဖြစ်တယ်။” ဟု ဦးဇော်ဝင်းက ပြောသည်။

တရုတ်နယ်စပ်မြို့ဖြစ်သည့် ကချင်ပြည်နယ်တွင် ၂၀၁၁ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း တရုတ်နိုင်ငံသားအလုပ်သမားများ ဝင်ရောက်မှုပိုများလာကြောင်း သက်ဆိုင်ရာဌာနများမှ သိရသည်။

January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...