မြန်မာဝက်များ မီဇိုရမ်သို့တင်သွင်းနိုင်ရေး လွတ်တော်တွင်တင်ပြ

မြန်မာဝက်များ မီဇိုရမ်သို့တင်သွင်းနိုင်ရေး လွတ်တော်တွင်တင်ပြ

ဝက်ရောဂါမကူးစက်စေရေးအတွက် မီဇိုရမ်ပြည်နယ်သို့တင်သွင်းခွင့် အချိန်ကန့်သတ်မရှိ တားမြစ်ပိတ်ပင်သည့် မြန်မာဝက်များအား တင်သွင်းခွင့်ပြုရန် ZNP ပါတီဥက္ကဌ လွှတ်တော်ကိုယ်စားလှယ် Pu Lalduhoma က မီဇိုရမ်လွတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံမှ ဝက်များ မီဇိုရမ်ပြည်နယ်သို့ တင်သွင်းခွင့် ပိတ်ပင်မည့်အစား တင်သွင်းလာသော ဝက်များ၏ ကျန်းမာရေးအခြေအနေများကို နယ်စပ်တွင် သေချာစစ်ဆေးပြီးကာ တင်သွင်းခွင့်ပြုရန် Pu Lalduhoma က ယမန်နေ့က ကျင်းပသောလွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်ဟု မီဇိုရမ်ရုပ်သံသတင်းဌာန Zonet တွင်ဖော်ပြထားသည်။

မီဇိုရမ်ပြည်နယ် တိရစ္ဆာမွေးမြူရေးနှင့် ကုသရေးဌာန (AH&Vety) ဝန်ကြီး Dr K Beichhua ကလည်း လွန်ခဲ့သော ၂၀၁၃၊ ၂၀၁၆ နှင့် ၂၀၁၈ ခုနှစ်များတွင် မြန်မာဝက် များတွင် PRRS ခေါ် ဝက်ရောဂါဖြစ်ပွားခဲ့ပြီး ပြည်သူများအခက်တွေ့ရကြကြောင်း၊ ယခုလို မီဇိုရမ်တွင် ဝက်သား ရှားပါးလာရခြင်းမှာ အဆိုပါဝက်ရောဂါကြောင့်ဟု ဆိုသည်။

ယခုနှစ်တွင်လည်း မြန်မာနိုင်ငံမှာ PRRS ဝက်ရောဂါထက် ကြောက်မက်ဖွယ်ကောင်းသော ဝက်ရောဂါ African Swine Fever (ASF) ထပ်မှန်ဖြစ်ပွားခဲ့သောကြောင့် ယခုလို တားမြစ်ပိတ်ပင်ရခြင်းဖြစ်ပြီး အဆိုပါ African Swine Fever (ASF) ခေါ် ဝက်ရောဂါမှ မီဇိုရမ်ပြည်နယ်ကို ကာကွယ်တဲ့အနေဖြင့် ၂၀၁၉ ခုနှစ် ဇွန်လ ၁၉ ရက်နေစ၍ မြန်မာဝက်များ မီဇိုရမ် ပြည်နယ်သို့ တင်သွင်းခွင့်ကို အချိန်အကန့်အသတ်မရှိ ပိတ်ပင်ထားခြင်းဖြစ်သည်ဟု ဝန်ကြီး Dr K. Beichhua က ပြောသည်။

ထို့ကြောင့် ယခုလောလောဆယ်တွင် မြန်မာနိုင်ငံဘက်မှ ဝက်များတင်သွင်းခွင့်မပြုနိုင်သေးသော်လည်း အိန္ဒိယနိုင်ငံအတွင်း အခြားသောပြည်နယ်များမှဝက်များကိုမူ တင်သွင်းခွင့်ရှိသည်ဟု ဝန်ကြီးကဆက်ပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...