တရုတ် တစ်သျှူးငှက်ပျောကုမ္ပဏီ တရားစွဲထားသည့် မုတ်ကြိတ်ဒေသခံများကို အမိန့်ချ

တရုတ် တစ်သျှူးငှက်ပျောကုမ္ပဏီ တရားစွဲထားသည့် မုတ်ကြိတ်ဒေသခံများကို အမိန့်ချ

တရုတ်တစ်သျှူးငှက်ပျောကုကုမ္ပဏီ၏ တရားစွဲဆိုခံထားရသည့် မုတ်ကျိတ်ဒေသခံ (၇) ဦးအား ငွေဒဏ် ၅ သောင်းသို့မဟုတ် ထောင် ၆ လ ချခံရန် ဝိုင်းမော်မြို့နယ် တရားရုံးမှ နိုဝင်ဘာလ ၁၈ရက်နေ့တွင် အပြီးသတ်အမိန့်ချလိုက်ပြီဖြစ်သည်။

ထိုကြောင့် ဒေသခံ (၇) ဦးက တစ်ဦးလျှင် ငွေဒဏ် ၅ သောင်းစီပေးရန် ရွေးချယ်လိုက်ကြပါသည်။

ငှက်ပျောစိုက်သည့် မျိုးဆက်သစ်ကုမ္ပဏီမှ လုပ်ငန်းလုပ်ကိုင်နေစဉ်တွင် လာရောက်နှောင့်ယှက်ဖျက်ဆီးခဲ့သည်ဟု ဆိုကာ ၂၀၁၈ ဧပြီလ ၂၆ရက်နေ့တွင် အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ ဖြင့် ဒေသခံများကို စတင်အမူဖွင့်ခဲ့ခြင်းဖြစ်ပြီး ယခုလို အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ပါသည်။

ဒေသခံများ သဘောတူညီမှုမရဘဲ စီမံကိန်းလုပ်ဆောင်ခဲ့သဖြင့်ဟုဆိုကာ ထိုဧရိယာအတွင်း ၂ ဖက်အပြန်အလှန် အငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် ကုမ္ပဏီဘက်မှ စတင်တရားစွဲဆိုခဲ့ခြင်း ဖြစ်ပါသည်။

“သူတို့ဘက်က စစ်ဆေးတဲ့ သက်သေထိုင်ခုံတွေ ရိုက်ချိုးတယ်၊ ရေပိုက်တွေဖျက်တယ်၊ ငှက်ပျောပင်တွေခုတ်တယ်ဆိုတာ အမှန်တစ်ကယ် ကျမတို့သွားလုပ်တယ်ဆိုတာလည်း မရှိဘူး။ တစ်ကယ်လို့ရိုက်ချိုးတယ်ဆိုရင် သူတို့အဖွဲ့တွေများကြီးရှိတယ်။ ရိုက်ချိုးတဲ့ချိန်ဓါတ်ပုံရိုက်ထားပါလား။ ဓါတ်ပုံလည်းမရိုက်ထားဘူး။ နောက်ပြီးမှ သူများတွေကို ခေါ်ပြီးမှရိုက်ချိုးပြီးမှ ကျမတို့ကို အပြစ်ညွှန်လိုက်တာဘဲဟုတ်တယ်” တရားစွဲဆိုခံရသူများဖြစ်သည့် မုတ်ကျိတ်ဒေသခံ ဒေါ်လင်းခက်အေး ကဆိုသည်။

ဒေသခံများအနေဖြင့် ၎င်းတို့ခြံများအား ရောင်းချထားခြင်းမရှိဘဲ တရုတ်တစ်သျှူးငှက်ပျောစိုက်ဖို့ လာရောက်ကျူးကျော်ဖျက်စီးသည့် ကိစ္စများသည် တရားလိုများဘက်သို့ စစ်ဆေးခဲ့ကြသော်လည်း အမူပေါ်ပေါက်ခြင်း မရှိဘဲ ၎င်းတို့တားမြစ်ခြင်းသည်သာ အမူပေါ်ပေါက်ခြင်းအပေါ် ကျေနပ်မူမရှိကြောင်း ၎င်းကဆက်ပြောသည်။

ယင်းအမူကို တရားလိုပြုစွဲဆိုခဲ့သည့် မျိုးဆက်သစ် ကုမ္ပဏီတာဝန်ရှိသူအား မေးမြန်းရာတွင် ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

“ အစကတော့ နွားတွေမွေးမယ်ဆိုပြီး ပွဲစားက မြေလိုက်ဝယ်တယ်။ ငှက်ပျောစိုက်မယ်ဆိုပြီးတော့မပြောဘူး။ နောက်မှငှက်ပျောစိုက်မယ်ဆိုတော့ တစ်ရွာလုံးကကန့်ကွက်တယ်။ ရောင်းတာကတော့ အိမ်ထောင်စု နည်းနည်းဘဲ ဒါပေမယ့် သူတို့ဘက်က ၃၄ အိမ်ထောင်စုလောက်ကို ဘတ်ဖိုးနဲ့ထိုးပေးလိုက်ကြတယ်။” တရားစွဲဆိုခံရသူများမှ ဦးဆိုင်းလီက ဆိုသည်။

ယင်းအမူသည် မုတ်ကျိတ်ဒေသခံတောင်သူအိမ်ခြေ တစ်ရာကျော်၏ မြေဧက ၃၀၀ ခန့်ရှိပြီး လွန်ခဲ့သည့် ၂၀၁၈ခုနှစ်တွင် မျိုးဆက်သစ် ကုမ္ပဏီ ဘက်မှ ဒေသခံတောင်သူများ၏ မြေနေရာအချို့ကို စိုက်ပျိုးရေးုလုပ်မည်ဟုဆိုကာ ဝယ်ယူခဲ့ကြသော်လည်း အချို့မြေနေရာများအား ဝယ်ယူခြင်းမရှိဘဲ ကျူးကျော်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

မျိုးဆက်သစ်ကုမ္ပဏီမှ ယင်းဒေသခံ(၇)ဦးအား လက်ရှိစွဲဆိုထားသည့်အမူ ၂ မူရှိကာ ယခုအမူသည် အကျိုးဖျက်စီးမူ ရာဇသတ်ကြီးပုဒ်မ ၄၂၇ ဖြစ်ပြီး နောက်ထပ်စွဲဆိုထားသည့်အမူအား ပြည်နယ်တရားရုံးတွင် စွဲဆိုထားကြောင်း သိရသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...