တွန်းဇံမြို့နယ်တွင် မူလတန်းပြဆရာမတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

တွန်းဇံမြို့နယ်တွင် မူလတန်းပြဆရာမတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

လားနွန် — ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာအုပ်စု Tuivial zang ကျေးရွာတွင် တာဝန်ကျသည့် မူလတန်း ကျောင်းဆရာမတစ်ဦးကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှ ကသည်းလူမျိူးတစ်ဦးက ပြီးခဲ့သည့် နိုဝင်ဘာလ (၁၇) ရက်ညက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။

အခင်းဖြစ်စဉ်မှာ Tuivialzang ကျေးရွာတွင် တာဝန်ကျသော မူလတန်းပြဆရာ အသက် (၂၇) နှစ်အရွယ် မ Dim Lun Mang သည် နိုဝင်ဘာလ ၁၇ ရက်ည ၉ နာရီခွဲခန့်တွင် ၎င်းကျေးရွာတွင် အိမ်ထောင်ကျပြီးနေထိုင်သည့် ကသည်းလူမျိူး Vinok (ခေါ်) Binok က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု ဟိုင်ကျင်းကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး ဦးကမ်ဇအင်ကပြောသည်။

“ည(၉) ခွဲလောက်မှာအခင်းဖြစ်တယ် အဲဒီကျေးရွာမှာ ဆရာမကနေတာတော့ တော်တော်ကြာပြီ လူမှုရေးကိစ္စနဲ့ စကားများတာဖြစ်တယ် လူမှုရေးကိစ္စနဲ့စကားများဖူးတယ်လို့လည်းပြောကြတယ် ဒါပေမဲ့

အကြောင်းအရင်းတော့ ကျနော်လည်းမသိရသေးဘူး အဲဒါပဲကျနော်တို့ကြားထားတယ်” ဟု

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကမ်ဇအင်ကပြောသည်။

အခင်းဖြစ်ပွားသည့် အချိန်တွင် ကျောင်းသူနစ်ယောက်လည်း ဆရာမနှင့်အတူရှိနေပြီး ဆရာမကို ပစ်သတ်ပြီးနောက် Vinok သည် အိန္ဒိယဘက်သို့ထွတ်ပြေးသွားသည်ဟုသိရသည်။

ဦးကမ်ဇအင်က “ပစ်တဲ့သူက ဘယ်သူမှမဖမ်းလိုက်နိုင်ဘူး ဖမ်းမယ့်သူလည်းမရှိဘူး တကယ်ပြောရမယ်ဆိုရင်လုံ ခြုံရေးလည်းမရှိဘူး သေနတ်သမားဆိုပါတော့ ကျေးရွာအချင်းချင်းလည်း မလုပ်ရဲတဲ့သဘောဖြစ်မလားတော့မသိဘူး သူတို့က သူတို့ရွာမှာမရှိတော့ဘူးတဲ့ ထွက်သွားပြီတဲ့ သူတို့ကနယ်စပ်ဆိုတော့လေ တစ်ဖာလုံလမ်းလျှောက်လိုက်ရင် ကုလားပြည်ရောက်သွားတာဆိုတော့

တဖက်နိုင်ငံကိုထွက်သွားပြီလို့သူတို့ပြောကြတယ်” ဟု ပြောသည်။

ဟိုင်ကျင်းကျေးရွာမှ (၉) မိုင်ခန့်ဝေးသော Tuivialzang ကျေးရွာသည် အိမ်ခြေ (၁၄) အိမ်ခန့်ရှိပြီး အိန္ဒိယ-မြန်မာနယ်စပ်တွေတည်ရှိသည့်ကျေးရွာတစ်ရွာဖြစ်သည်။ ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာအုပ်စုသည် အိန္ဒိယနိုင်ငံမှ ကသည်းသူပုန်များ ခြေကုပ်ယူထားသည့် ဒေသဖြစ်ပြီး ကသည်းလူမျိူးအတော်များများ ချင်းအမျိူးသမီးများလည်း အိမ်ထောင်ပြုနေထိုင်ကြသည်ဟု သိရသည်။



Photo – Tedim Times

ဆရာမ Dim Lun Mang သည် ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ဇာတိဖြစ်ပြီး အလောင်းကို တွန်းဇံမြို့နယ်မှ ခိုင်ကမ်းမြို့သို့ သယ်ဆောင်ခဲ့ကြသည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...