မြောက်ဦးမြို့နယ်တွင် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်

မြောက်ဦးမြို့နယ်တွင် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်

ခိုင်ရိုးလ — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီကျော်ခန့်က နေအိမ်ခြံဝင်းတစ်ခုအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးထံတွင် ထိမှန်သွားခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ထိပ်ဝပြင်ကျေးရွာမှ ဒေါ်အောင်ညွန့်စိန် အသက် ၅၄ နှစ်၏ ဘယ်ဘက်ခြေသလုံးတွင် ကျည်စထိမှန်သွားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“လက်နက်ကြီးက ဘယ်ဘက်ကပစ်တာလည်း မသိပဲ အိမ်ခြံဝင်းအတွင်းက အုန်းပင်ခြေရင်းကို ကျရောက်လာတယ်။ အဲဒီကတစ်ဆင့် အိမ်ရှေ့မှာရှိနေတဲ့ ကျနော့်ယောက္ခမဆီကို ကျည်အစတွေထိမှန်လာတာ ” ဟု ဒဏ်ရာရသူနှင့်ဆွေမျိုးတော်စပ်သူ ကိုထွန်းစိန်က ပြောသည်။

လက်ရှိမှာ ဒဏ်ရာရရှိခဲ့သည့် ဒေါ်အောင်ညွန့်စိန်ကို မြောက်ဦးဆေးရုံသို့ပို့ဆောင်ထားပြီး ဒဏ်ရာအတွင်း လက်နက်ကျည်စများရှိနေသေးကြောင်း ဆရာဝန်၏ပြောကြားချက်ကို ကိုးကားပြီး မိသားစုဝင်များက DMG ကို ပြောပြသည်။

ယခုကဲ့သို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လူများထိခိုက်ဒဏ်ရာရရှိမှု၊ နေအိမ်များပျက်စီးမှုများရှိနေသည်မှာ မဖြစ်သင့်ကြောင်း ကိုထွန်းစိန်က ဆိုသည်။

“ဘယ်အဖွဲ့ကပဲ ပစ်ပစ်။ လူနေအိမ်နဲ့ ရွာထဲတွေကို လက်နက်ကြီးပစ်ခတ်တာတွေ မဖြစ်စေချင်ဘူး။ ထိမှန်သွားတာမျိုးကိုလည်း မလိုချင်ဘူး” ဟု ကိုထွန်းစိန် က ဆိုသည်။

ထိပ်ဝပြင်ကျေးရွာအတွင်း ယခုကျရောက်လာသည့် လက်နက်ကြီးမှ လင်းမြွှေတောင်တွင် တပ်စွဲထားသည့် တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက စွပ်စွဲပြောဆိုကြသော်လည်း DMG မှ တပ်မတော်နှင့်အဆက်အသွယ်မရရှိသေးဖြင့် တပ်မတော်၏ပြောဆိုချက်ကို မသိရသေးပေ။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် ဒေသများ၌ လက်နက်ကြီး၊ လက်နက်ငယ် ကျည်ထိမှန်မှုများကြောင့် အရပ်သားများထိခိုက်သေဆုံးမှုမှာ တစ်နေ့ထက်တစ်နေ့ တိုးလာနေသည်။

Most read this week

ဓာတ်ပုံ - DMG
June 16, 2026
ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)...
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...
အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...
June 12, 2026
၂၀၂၅ ခုနှစ်၊ မေလမှ ၂၀၂၆ ခုနှစ်၊ မေလထိ တစ်နှစ်တာကာလအတွင်း ရခိုင်ဒေသခံ ၃,၉၉၃ ဦးကို...