မြန်မာအစိုးရ နှင့် မြောက်ပိုင်း (၄)ဖွဲ့ တွေ့ဆုံမည့် နေရာကိစ္စ ဆွေးနွေး နေဆဲ

မြန်မာအစိုးရ နှင့် မြောက်ပိုင်း (၄)ဖွဲ့ တွေ့ဆုံမည့် နေရာကိစ္စ ဆွေးနွေး နေဆဲ
မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နဲ့ မြန်မာအစိုးရ NRPC တို့ကျိုင်းတုံ ဆွေးနွေးပွဲ၊ စက်တင်ဘာလ ၁၇၊ ၂၀၁၉
မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နဲ့ မြန်မာအစိုးရ NRPC တို့ကျိုင်းတုံ ဆွေးနွေးပွဲ၊ စက်တင်ဘာလ ၁၇၊ ၂၀၁၉

မြန်မာအစိုးရ နှင့် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့ တို့ ယခုလအတွင်း တွေ့ဆုံမည့် နေရာ အတွက် ဆက်လက် ဆွေးနွေးနေဆဲဖြစ်ကြောင်း နှစ်ဖက်တွေ့ဆုံမှုအတွက် ကြားဝင် ကူညီပေးသော ငြိမ်းချမ်းရေးအကျိုးဆောင်များ ဆိုပါသည်။

အပစ်အခတ်ရပ်စဲရေး (bilateral ceasefire) ကိစ္စ တွေ့ဆုံဆွေးနွေးမည့် ‘နေရာ နှင့် နေ့ရက်’ အတွက် နှစ်ဖက် ဆွေးနွေးနေဆဲ အခြေအနေဖြစ်ပြီး ယခုချိန်အထိ မသိရသေးကြောင်း မြစ်ကြီးနားအခြေစိုက် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG (Peace-talk Creation Group) မှ ဒူဝါ Lamai Gum Ja က ကချင်သတင်းဌာန KNG ကို စနေနေ့က ပြောပါသည်။

နှစ်ဖက် သဘောတူသော နေရာတွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ် ကချင် KIO၊ ရခိုင် AA၊ ကိုးကန့် MNDAA နှင့် တအာင်း TNLA တို့က ၎င်းတို့ လုံခြုံရေးအတွက် ဆွေးနွေးပွဲကို တရုတ်နိုင်ငံမှာပြုလုပ်ရန် လိုလားသော်လည်း အစိုးရဘက်ကတော့ မြန်မာပြည်အတွင်း ပြုလုပ်ရန်လိုလားခြင်း ဖြစ်သည်။

အပစ်ခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး မြန်မာအစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် မြောက်ပိုင်းအဖွဲ့ (၄)တို့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် စက်တင်ဘာလ (၁၇)ရက်နေ့ နောက်ဆုံး တွေ့ဆုံခဲ့သည်။ ယင်းတွေ့ဆုံပွဲတွင် အောက်တိုဘာလ ကုန်ပိုင်း ပြန်လည်တွေ့ဆုံရန် သဘောတူထားသော်လည်း မတွေ့ဆုံနိုင်ခဲ့သောကြောင့် ယခု နိုဝင်ဘာလအတွင်း ပြန်လည် တွေ့ဆုံရန် ဆွေးနွေးနေခြင်းဖြစ်ပါသည်။

KIO မပါဘဲ ကျန်မြောက်ပိုင်း (၃)ဖွဲ့ နှင့် တပ်မတော်ကြား ရှမ်းပြည်မြောက်ပိုင်း နှင့် ရခိုင်ပြည်နယ် တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်သော လိုင်ဇာမြို့တွင် KIO အောက် အုပ်ချုပ်ရေးဌာန (Department of General Administration) ၏ အနှစ် (၅၀)ပြည့် ကျေးဇူးတော် ချီးမွမ်း ဆုတောင်းပွဲတော်ကြီးကို နိုဝင်ဘာလ ၁၄၊ ၁၅ တွင် ပြုလုပ်ရန် စီစဉ်ထားပါသည်။

KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ (Gen Nban La) ၏ အောက်တိုဘာလ (၂၅)ရက်နေ့ (၅၉)နှစ်ပြည့် နှစ်ပတ်လည် မိန့်ခွန်းတွင် ‘ရန်သူနဲ့ အပစ်ရပ်ပြီး ကချင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရေး အစီစဉ် ဆောင်ရွက်ရန် ကျိုးပမ်းနေကြောင်း’ ထုတ်ပြန်လိုက်သောကြောင့် KIO သည်ပြည်တွင်းပြည်ပကချင်ပြည်သူများ၏ဆန့်ကျင်ဝေဖန်မှုများခံနေရသည်။

မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နဲ့ မြန်မာအစိုးရ NRPC တို့ကျိုင်းတုံ ဆွေးနွေးပွဲ၊ စက်တင်ဘာလ ၁၇၊ ၂၀၁၉

January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...