ပလက်ဝစစ်ဘေးရှောင် အချို့၏ တောင်းဆိုမှုအရ သီကီးရ်ရွာတွင် နေရာချထားရန် ဆောင်ရွက်နေဟုဆို

ပလက်ဝစစ်ဘေးရှောင် အချို့၏ တောင်းဆိုမှုအရ သီကီးရ်ရွာတွင် နေရာချထားရန် ဆောင်ရွက်နေဟုဆို

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များအနက် Bawm မျိုးနွယ်စုများ၏ တောင်းဆိုမှုကြောင့် ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာတွင် နေရာချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။

“ပထမဆုံးအနေနဲ့ သူတို့က ကျနော်တို့ရွာကိုလာပြီးကြည့်တယ်၊ အဲဒီနောက် သူတို့ကနေပြီးတော့ ဒီရွာမှာလာနေချင်တယ် လက်ခံပေးမလားဆိုပြီးပြောလာတော့ ကျနော်တို့ကလည်း လာနေပါ အချင်းချင်းတွေဖြစ်တဲ့အတွက် လက်ခံပေးလို့ရပါတယ်လို့ ကျနော်တို့အနေနဲ့ပြောလိုက်တယ်၊ အစိုးရဘက်က တောင်းဆိုတာတွေဘာတွေတော့မရှိဘူး၊ ခုလောလောဆယ်အနေနဲ့တော့ သူတို့နေဖို့ အိမ်လေးတွေလည်း အဆင်သင့်ဖြစ်နေပြီ၊ သူတို့လာနေလို့ရှိရင်လည်း ကျေးရွာဘက်ရယ် နိုင်ငံခြားအကူအညီယူပြီးတော့ ပထဦးဆုံးတစ်လကို နေဖို့စားဖို့ ထောက်ပံ့ပေးဖို့ စီစဉ်ထားပါတယ်”ဟု သီကီးရ်ရွာ ဒေသခံ Pastor Ram Hre မှပြောသည်။

သီကီးရ်ကျေးရွာသို့ ပြောင်းရွှေ့မည့် ဒုက္ခသည်များမှာ အိမ်ထောင်စု ၂၁စုဟု သိထားပြီး ပထမအသုတ်အနေဖြင့် မကြာခင်တွင် အိမ်ထောင်စု ၁ရစု ပြောင်းရွှေ့လာမည်ဖြစ်ကြောင်း Pastor Ram Hre ထံမှ သိရသည်။

အောက်တိုဘာ ၃၁ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ပြည်နယ်အစိုးရ၏ တစ်လတာ သတင်းစာရှင်းလင်းပွဲတွင် ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်မှ ပလက်ဝမြို့နယ် မီးဇာဒုက္ခသည်စခန်းမှ ဘောမ်မျိုးနွယ်စုများမှ သီကီးရ်ရွာတွင် နေထိုင်လိုကြောင်း တောင်းဆိုမှုကြောင့် ပြောင်းရွှေ့နိုင်ရန် စီစဉ်နေပြီး မီးဇာဒေသမှ သီကီးရ်ကျေးရွာအရောက် ပြောင်းရွှေ့နိုင်ရန် ပြည်နယ်အစိုးရမှ တာဝန်ယူဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

သီကီးရ်ကျေးရွာတွင် ဒုက္ခသည်များရောက်ရှိပါက နေထိုင်နိုင်ရန် နတလ၏ ကူညီဆောင်ရွက်ပေးမှုဖြင့် နေအိမ် ၂၆လုံးတည်ဆောက်ပေးထားပြီး အဆင်သင့်နေထိုင်နိုင်ပြီဖြစ်ကြောင်းသိရသည်။

သီကီးရ်ကျေးရွာသို့ ပြောင်းရွှေ့လိုသည့် ဘောမ်မျိုးနွယ်စုများမှာ လိုင်ဘာသာစကားပြောသည့် မျိုးနွယ်စုဖြစ်ပြီး ပြောင်ရွှေ့လိုသည့် အိမ်ထောင်စု ၂၁စုနှင့် လူဦးရေ ၁၃ဝခန့်ရှိကြောင်းသိရသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA)တို့ နှစ်ဘက်ကြား စစ်ပွဲများဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်မှ ဒေသခံများ စစ်ရှောင်နေရပြီး မီးဇာဒုက္ခသည်စခန်းတွင် တဲများဆောက်ကာ နေထိုင်နေသူ ပြည်သူ (၆၀၀)ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...