AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ ဖြစ်သူတို့ ဒုတိယအကြိမ်မြောက် ချုပ်ရမန်ရယူ

AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ ဖြစ်သူတို့ ဒုတိယအကြိမ်မြောက် ချုပ်ရမန်ရယူ

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသော AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်၏ ညီမနှင့် ယောက်ဖ ဖြစ်သူတို့ ဒုတိယအကြိမ်မြောက် ချုပ်ရမန် ရယူခဲ့ကြောင်း မရမ်းကုန်းမြို့နယ်တရားရုံးက သိရသည်။

AAစစ်ဦးစီးချုပ်၏ညီမဖြစ်သူ မမိုးနှင်းဖြူနှင့် ယောက်ဖဖြစ်သူကိုကျော်နိုင်တို့ကို အကြမ်းဖက်တိုက် ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)(ခ)(ဂ) တို့ဖြင့်ဖမ်းဆီးစစ်ဆေးနေပြီး ရမန်ကြီးနှစ်ပတ် ပြည့်သော ကြောင့် နိုဝင်ဘာလ ၁ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် တရားရုံး၌ ဒုတိယအကြိမ်ချုပ်ရက်ရမန် ရယူကာ အင်းစိန်အကျဉ်းထောင်သို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့မှ ပြန်လာသော AA စစ်ဦးစီးစစ်ချုပ်၏ယောက်ဖဖြစ်သူ ကိုကျော်နိုင်နှင့်အတူ ၎င်းအားလာကြိုသည့် AA စစ်ဦးစီးချုပ်၏ ညီမဖြစ်သူ မမိုးနှင်းဖြူ၊ သုံးနှစ်အရွယ် သမီးတို့ကို အောက်တိုဘာလ ၁၉ ရက်၊  နေ့လယ် ၂ နာရီခန့်က ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို လာမည့် နိုဝင်ဘာလ ၁၅ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်းသိရသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...