ရခိုင်သို့ မီဒီယာသမားများကို လွတ်လပ်စွာသတင်းယူခွင့်ပေးရန် AA တိုက်တွန်း

ရခိုင်သို့ မီဒီယာသမားများကို လွတ်လပ်စွာသတင်းယူခွင့်ပေးရန် AA တိုက်တွန်း

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ပိုမိုပြင်းထန်လာပြီး တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားစရာ စွပ်စွဲမှုများလည်း မကြာခဏပေါ်ပေါက်နေသဖြင့် အမှန်တရားများ သိရှိရန်အတွက် သတင်းမီဒီယာသမားများကို လွတ်လပ်စွာ သတင်းယူခွင့်ပေးရန် ရက္ခိုင့်တပ်တော်(AA)က တိုက်တွန်းလိုက်သည်။

အောက်တိုဘာလ ၂၈ ရက်နေ့က ဘူးသီးတောင်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းတစ်ခုကို AA က စေတီတောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းမှ သာသနိကအဆောက်အဦများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

ထို့အပြင် AA အနေဖြင့် အရပ်ဝတ်များဝတ်ဆင်ကာ ဒေသခံများနှင့်ရောနှောခြင်း၊လူသားတံတိုင်းသဖွယ် အကာ အကွယ်ရယူခြင်းများပြုလုပ်ကာ တပ်မတော်စစ်ကြောင်းများကို ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တပ်မတော်၏ ထုတ်ပြန်ချက်ပါ အချက်အားလုံးကို ပယ်ချလိုက်ကာ တပ်မတော်သာ သာသနိက အဆောက်အဦများကို နေရာယူပြီး ပစ်ခတ်နေခြင်းဖြစ်ပြီး ထိုအခြေအနေများကို သိရှိရန် သတင်းမီဒီယာသမားများကို သတင်းယူခွင့်ပေးရန် လိုအပ်သည်ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“တပ်မတော်ဘက်က ရွာထဲတွေမှာ နေရာယူထားတာမရှိဘူးလို့တကယ်ပြောနိုင်ရင် သတင်းဌာနတွေကို အဲဒီရွာတွေကို လွတ်လွတ်လပ်လပ် သတင်းယူဖို့ သွားခွင့်ပြုပေးပါ။ သတင်းထောက်တွေကို ခွင့်ပြုပေးပါ။ ကျနော်တို့ဘက်ကတော့ ကြိုဆိုပါတယ်။ အဲဒါတွေက ဗမာစစ်တပ်ဖက်က သူတို့ကျူးလွန်နေတာတွေကို ဖုံးကွယ်ဖို့အတွက်ပြောင်းပြန်ပြောနေတာဖြစ်တယ်။ ပြည်သူလူထုကြားမှာ နေရာယူပြီး ပစ်ခတ်နေတာက ဗမာစစ်တပ်ဘက်ကပဲဖြစ်တယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲများပြင်းထန်နေသောကြောင့် ယင်းဒေသများသို့ အစိုးရကတာဝန်ယူပြီး သတင်းမီဒီ ယာသမားများကို စေလွှတ်ပေးရန်အခက်အခဲရှိသည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“အခုတိုက်ပွဲကလည်း နည်းနည်းကျယ်ပြန့်လာတဲ့ သဘောမျိုးဖြစ်တယ်။ လောလောဆယ်မှာတော့ပေးဖို့တော့ အခက်အခဲရှိတယ်”ဟု မကြာသေးမီးရက်ပိုင်းက ပြုလုပ်ခဲ့သည့် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

တိုက်ပွဲများဖြစ်ပွားနေသည့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကို ပြီးခဲ့သည့် ဇွန်လ (၂၁) ရက်နေ့က စတင်ကာ အစိုးရက အင်တာနက် jဖတ်တောက်ထားလိုက်သည်။ ထိုသို့ အင်တာနက်ဖြတ်တောက်လိုက်မှုသည်လည်း ဒေသခံတို့၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် သတင်းအချက်အလက် ရယူခွင့်တို့ကို ကန့်သတ် ခံရခြင်းဟု အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံများရှုမြင်ကြသည်။

May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...