မှားယွင်းဖမ်းဆီးခံရ၍ ထောင်ကျနေသည့် နစ်နာသူများရှိနေဟု လူ့အခွင့်ရေး ကော်မရှင် အဖွဲ့ဝင်ဆို

မှားယွင်းဖမ်းဆီးခံရ၍ ထောင်ကျနေသည့် နစ်နာသူများရှိနေဟု လူ့အခွင့်ရေး ကော်မရှင် အဖွဲ့ဝင်ဆို

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင်  မှားယွင်းတရားစွဲဆိုခံရခြင်းကြောင့် ထောင်တွင်းအကျဉ်းကျခံရသူ များစွာရှိနေပြီး အဆိုပါ နစ်နာသူများအတွက် ပြန်လည်ကုစားနိုင်ရန် လူ့အခွင့်အရေးကော်မရှင် ဥပဒေ ပြင်ဆင်ရုံသာမက တခြားသော ဥပဒေများ လိုအပ်နေသည်ဟု လူအခွင့်ရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြန်လည်သုံးသပ်စီစစ်ခြင်း ဆွေးနွေးပွဲကို Summit Park View Hotel တွင် အောက်တိုဘာ ၂၇ရက်နေ့က ပြုလုပ်ခဲ့သည့်ပွဲတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ အပြစ်မရှိဘဲ ထောင်ကျနေတဲ့သူတွေ အများကြီးတွေ့ရတယ်။ သူတို့ ထွက်ဆိုချက်တွေကို စိတ်ရှည်လက်ရှည်နားထောင်ပေးတယ်။ ဒါကို ဘယ်လို့ ကုစားမလဲ ၊ တချို့တွေကို သမ္မတဆီ စာပို့တာ ရှိတယ်။ တချို့ကိစ္စတွေက ပြည်ထဲရေးဘက်က ဘူးငြင်းတယ်။ အကျဉ်းသားတွေက မတရားခံရတယ် ပြောတယ်။ အကျဉ်းဦးစီးဌာနကျတော့ သူတို့ လိမ်နေတယ်လို့ ပြောတယ်။ ကျနော်အတွက်တော့ ခက်တယ်။ ဘယ်သူမှားလဲ ၊ မှန်လဲ မသိဘူး။တရားသူကြီးကတော့ ဆုံးဖြတ်ချက် ချလိုက်ပြီ ၊ ဒါတွေ ဘယ်လိုကုစားရမလဲ မသိဘူး။ ဒါတွေကို ဥပဒေပညာရှင်တွေကို အကြံဉာဏ်တောင်းချင်တယ်” ဟု အကျဉ်းထောင်များကို လိုက်လံစစ်ဆေးနေသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေး ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ မဏ္ဍုပ်ကြီး သုံး ခုစလုံးက မည်သူမဆို စုံစမ်းစစ်ဆေးနိုင်သည့်  လုပ်ပိုင်ခွင့်အာဏာ ရှိရန် လိုအပ်ကြောင်း နှင့် ကော်မရှင်သို့ တိုင်ကြားသူများကို ကျုးလွန်သူများက ခြိမ်းခြောက်လက်တုံပြန်မှု မရှိစေရန် ကာကွယ်ပေးသင့်ကြောင်း ကျားမ တန်းတူညီမျှရေး အလေးပေး ဆောင်ရွက်နေသော ( Gender Equality Network ) ဒါရိုက်တာ ဒေါ်မေစပယ်ဖြူ က ထောက်ပြပြောဆိုသည်။

 “ကျွန်မတို့က ကော်မရှင်ကို ဒီထက်ပိုပြီး လုပ်ပိုင်ခွင့် အာဏာရှိစေချင်တယ်။  စာရွက်စာတမ်း နဲ့  သက်သေ ၊ ဆင့်ခေါ်နိုင်တဲ့ အာဏာမျိုး ရှိမယ်ဆိုရင် ဒီထက်ပိုပြီး တိုင်ကြားမှုတွေကို ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးနိုင်မယ်လို့ ကျမတို့က ထင်ပါတယ်။ နောက်တစ်ခုက တိုင်ကြားသူတွေကို ကျူးလွန်သူတွေက ခြိမ်းခြောက်ပြီးတော့ လက်တုံ့မပြန်နိုင်အောင် အကာအကွယ်ပေးဖို့ ၊ အာမခံချက်ပေးဖို့ လိုတယ်လို့ ထင်ပါတယ်” ဟု ဒေါ်ခင်စပယ်ဖြူက ပြောသည်။

အဆိုပါ  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေကို ပြန်လည်သုံးသပ်စီစစ်ခြင်း ဆွေးနွေးပွဲကို လွှတ်တော် အခြေပြု ပြည်သူ့အထောက်အကူပြုအဖွဲ့မှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ပြီး ဆွေးနွေးပွဲတွင်  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် ၊ Gender Equality Network မှ ဒေါ်မေစပယ်ဖြူ နှင့် ဥပဒေ ပညာရှင် ဦးသန်းထိုက်တို့က ဦးဆောင် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံအချို့တွင် မှားယွင်းဖမ်းဆီးထောင်ချပါက နစ်နာကြေးပေးရသည့် ဥပဒေများ ပြဌာန်းထားရှိသော်လည်း မြန်မာနိုင်ငံတွင် အဆိုပါဥပဒေမျိုး မရှိသဖြင့် နစ်နာမှုကြုံနေရသူများစွား ရှိနေသည်ဟု လူအခွင့်ရေးကော်မရှင်အဖွဲ့ဝင်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေသည် ၂၀၁၄ ခုနှစ် ၊ မတ်လ ၂၈ ရက်နေ့က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ဥပဒေ အသုံးပြုအသက်ဝင်ကာလမှာ ငါးနှစ်သက်တမ်းကျော်လွန်နေပြီ ဖြစ်သည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...