မြန်မာစစ်တပ် တိုက်ခိုက်မှုကြောင့် KIO အထိမ်းအမှတ်နေ့ မကျင်းပ ရ

မြန်မာစစ်တပ် တိုက်ခိုက်မှုကြောင့် KIO အထိမ်းအမှတ်နေ့ မကျင်းပ ရ

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှစ်ပတ်လည် ကျင်းပရန် စီစဉ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း ကျေးရွာ တစ်ရွာသို့ မြန်မာစစ်တပ် လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အထိမ်းအမှတ်နေ့ မကျင်းပနိုင်ခဲ့ကြောင်း ရွာသားများ ဆိုပါသည်။

အောက်တိုဘာလ (၂၅)ရက်နေ့ ကျရောက်သော (၅၉)နှစ်ပြည့် KIO အထိမ်းအမှတ်နေ့ လူထုအစည်းအဝေး ကို နမ္မတူမြို့နယ် Bang Gaw ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၄) လက်အောက် တပ်ရင်း (၈)မှ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။

“မြန်မာစစ်တပ်မှ လက်နက်ကြီးတွေ အရမ်းပစ်ခတ်တာကြောင့် မကျင်းပနိုင်ခဲ့ဘူး။ ရွာသားတွေ အားလုံး ထွက်ပြေးကြကုန်သွားလို့ပါ” ဟု ရှမ်းပြည်မြောက်ပိုင်း KIA သတင်းအရင်းမြစ် တစ်ခုက ကချင်သတင်းဌာန KNG ကို ပြောပါသည်။

တပ်မတော် စစ်ကြောင်းများသည် အဆိုပါ ကျေးရွာသို့ အောက်တိုဘာ(၂၃)ရက်နေ့ တက်လာပြီး KIO အထိမ်းမှတ်နေ့ မတိုင်ခင် လက်နက်ကြီးများ ရွာထဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားများ ဆိုပါသည်။

ယခင် ကချင်ပြည်နယ်ခွဲ (Kachin Sub-state)ဟု ခေါ်သော ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization) ကို ကချင် တက္ကသိုလ်ကျောင်းသားများမှ ၁၉၆၀ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ ဖွဲ့စည်းခဲ့သည်။

“မြန်မာအစိုးရနှင့် နှစ်ဦးနှစ်ဖက် အပစ်ရပ်သဘောတူ စာချုပ် ချုပ်ဆိုပြီး ကချင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရေး အစီစဉ်ကို အလေးထားပြုလုပ်သွားနိုင်ရန် KIO ဗဟိုကော်မတီ ကြိုးပမ်းနေကြောင်း KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ (Gen. Nban La)၏ နှစ်ပတ်လည် မိန့်ခွန်းတွင် ပြောပါသည်။

June 13, 2026
ဂျာဘောက်ရာ — မြန်မာနိုင်ငံထဲမှာတော့ ကချင်ပြည်နယ်တင်မကဘဲ ရှမ်းပြည်နယ်ဘက်မှာလည်း...
June 11, 2026
ကချင်ပြည်နယ်၊ ရွှေကူ–ငအိုးဒေသတစ်ဝှိုက်နဲ့ ရွှေကူမြို့နယ်အတွင်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး...
June 10, 2026
ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာက အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့ ပြည်သူတွေကို...
June 9, 2026
ကချင်ပြည်နယ် ရွှေကူ–ငအိုးလမ်းကြောတလျှောက်နဲ့ ရွှေကူမြို့နယ်တစ်ဝှိုက်မှာတော့ ဒီနေ့အထိ...