ဟားခါးတွင် ယဉ်ကျေးမှုထိန်းသိမ်းသည့်အနေဖြင့် ပထမဦးဆုံးအကြိမ် စာပေနှင့်ရိုးရာနေ့ ကျင်းပမည်

ဟားခါးတွင် ယဉ်ကျေးမှုထိန်းသိမ်းသည့်အနေဖြင့် ပထမဦးဆုံးအကြိမ် စာပေနှင့်ရိုးရာနေ့ ကျင်းပမည်

ချင်းပြည်နယ် ဟားခါးမြို့တွင် ယဉ်ကျေးမှုထိန်းသိမ်းသည့်အနေဖြင့် ဟားခါးတက္ကသိုလ်ကျောင်းသားများအဖွဲ့အစည်း(HUSO)မှ ဦးဆောင်ပြီး ပထမဆုံးအကြိမ် အဖြစ် “စာပေနှင့်ရိုးရာနေ့”ကို နိုဝင်ဘာလ ၂၁ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

“ယင်းပြိုင်ပွဲအတွက် ဟားခါးမြို့မှာရှိတဲ့ရပ်ကွက် အားလုံးပေါင်းပြီး ရက်ကွက်ကြီး ၆ ရပ်ကွပ်ခွဲပြီး အကတွေကိုပြိုင်ခိုင်းမှာဖြစ်တယ်၊ဝါးညှပ် အက တစ်ခုစီရယ် တခြားရိုးရာ အက ၁ ခုစီ ပြိုင်ကြရမှာဖြစ်တယ်” ဟုHUSO ဥက္ကဌ ဆလိုင်း ကြာကမ်းမှ ပြောသည်။

ဟားခါးမြို့ရှိရပ်ကွက်များကို Vaurawng အုပ်စု၊ Senri အုပ်စု ၊ Phaizawng အုပ်စု၊Bingbir အုပ်စု ၊ Chokhlei အုပ်စု ၊Dingdi အုပ်စု စသည့်အုပ်စုများအဖြစ် အုပ်စုအလိုက်ခွဲကာ ပြိုင်ပွဲများယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းသိရသည်။

ယင်းပြိုင်ပွဲတွင် ယဉ်ကျေးမှုဆိုင်ရာ ဟောပြောပွဲများ၊ကဗျာရွက်ပွဲများ၊ချင်းရိုးရာ အကပြိုင်ပွဲများနှင့် အခြားအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။

ယင်းပြိုင်နှင့် ပတ်သတ်ပြီး စာပေကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဆလိုင်းဟုန်းဘူနိန် မှ ” အကပြိုင်ပွဲမှာက ခွဲထားတဲ့ ရပ်ကွက် ၆ ရပ်ကွက် က အက တစ်ခုစီရယ် ဝါးညှပ်အကရယ် ဆိုပြီးတော့ အက ၂ မျိုးစီ ပြိုင်ကြမှာ ဖြစ်တယ်” ဟုပြောသည်။

ယင်း ပြိုင်ပွဲတွင် ကဗျာရွက်ပြိုင်ပွဲများ နှင့် ချင်းရိုးရာအက အမျိုးစားများဖြစ်သည့် Rualzapum၊Kokek၊Kamlo Chuncha၊ Conglai Zonh ၊Pa Sawm Rel နဲ့ Sunpar ၊စသည့် အကများဖြင့် ပြိုင်ပွဲဝင်ကြရမည် ဖြစ်ကြောင်းလည်းသိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...