ချင်းပြည်နယ် ဟားခါးမြို့တွင် ယဉ်ကျေးမှုထိန်းသိမ်းသည့်အနေဖြင့် ဟားခါးတက္ကသိုလ်ကျောင်းသားများအဖွဲ့အစည်း(HUSO)မှ ဦးဆောင်ပြီး ပထမဆုံးအကြိမ် အဖြစ် “စာပေနှင့်ရိုးရာနေ့”ကို နိုဝင်ဘာလ ၂၁ရက်နေ့တွင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
“ယင်းပြိုင်ပွဲအတွက် ဟားခါးမြို့မှာရှိတဲ့ရပ်ကွက် အားလုံးပေါင်းပြီး ရက်ကွက်ကြီး ၆ ရပ်ကွပ်ခွဲပြီး အကတွေကိုပြိုင်ခိုင်းမှာဖြစ်တယ်၊ဝါးညှပ် အက တစ်ခုစီရယ် တခြားရိုးရာ အက ၁ ခုစီ ပြိုင်ကြရမှာဖြစ်တယ်” ဟုHUSO ဥက္ကဌ ဆလိုင်း ကြာကမ်းမှ ပြောသည်။
ဟားခါးမြို့ရှိရပ်ကွက်များကို Vaurawng အုပ်စု၊ Senri အုပ်စု ၊ Phaizawng အုပ်စု၊Bingbir အုပ်စု ၊ Chokhlei အုပ်စု ၊Dingdi အုပ်စု စသည့်အုပ်စုများအဖြစ် အုပ်စုအလိုက်ခွဲကာ ပြိုင်ပွဲများယှဉ်ပြိုင်ရမည် ဖြစ်ကြောင်းသိရသည်။
ယင်းပြိုင်ပွဲတွင် ယဉ်ကျေးမှုဆိုင်ရာ ဟောပြောပွဲများ၊ကဗျာရွက်ပွဲများ၊ချင်းရိုးရာ အကပြိုင်ပွဲများနှင့် အခြားအစီအစဉ်များ ပါဝင်မည်ဖြစ်သည်။
ယင်းပြိုင်နှင့် ပတ်သတ်ပြီး စာပေကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဆလိုင်းဟုန်းဘူနိန် မှ ” အကပြိုင်ပွဲမှာက ခွဲထားတဲ့ ရပ်ကွက် ၆ ရပ်ကွက် က အက တစ်ခုစီရယ် ဝါးညှပ်အကရယ် ဆိုပြီးတော့ အက ၂ မျိုးစီ ပြိုင်ကြမှာ ဖြစ်တယ်” ဟုပြောသည်။
ယင်း ပြိုင်ပွဲတွင် ကဗျာရွက်ပြိုင်ပွဲများ နှင့် ချင်းရိုးရာအက အမျိုးစားများဖြစ်သည့် Rualzapum၊Kokek၊Kamlo Chuncha၊ Conglai Zonh ၊Pa Sawm Rel နဲ့ Sunpar ၊စသည့် အကများဖြင့် ပြိုင်ပွဲဝင်ကြရမည် ဖြစ်ကြောင်းလည်းသိရသည်။







