မတူပီမြို့နယ်အတွက် ပညာရေးဝန်ထမ်း လုပ်အားပေး ဦးရေ ၁၈ဝဝခေါ်ယူနေပြီး လျှောက်ထားသူ ၂ဝဝဝကျော်ရှိ

မတူပီမြို့နယ်အတွက် ပညာရေးဝန်ထမ်း လုပ်အားပေး ဦးရေ ၁၈ဝဝခေါ်ယူနေပြီး လျှောက်ထားသူ ၂ဝဝဝကျော်ရှိ

ချင်းပြည်နယ် မတူပီမြို့နယ်အတွက် လစ်လပ်နေသည့် ကျောင်း ဆရာ/ဆရာမ နေရာများအတွက် လုပ်အားပေးဦးရေ ၁၈၀၀ ခေါ်ယူနေပြီး လျှောက်ထားသူဦးရေ ၂ဝဝဝကျော်နေပြီဖြစ်ကြောင်း ချင်းပြည်နယ် ပညာရေးဝန်ကြီး ဦးပေါင်လွန်မင်းထန် ထံမှသိရသည်။

“လုပ်အားပေး ဆရာ/ဆရာမ ဆိုပြီးတော့ ၁၈၀၀ လောက်ခေါ်နေတယ်ဆိုတာမှန်ပါတယ်၊ လျှောက်ထားသူလည်း ၂ဝဝဝကျော်လောက်ရှိပါပီ၊ အဲဒါကတော့ အရေးပေါ်ပြသနာဖြေရှင်းဖို့ပေါ့၊ လုပ်အားပေး ဆရာ/ဆရာမအတွက် ဝင်ခွင့်ဖြေခိုင်းပြီးတော့ အောင်မြင်တဲ့သူတွေကို ခန့်ဖို့ပေါ့၊ လုံးဝအရည်ချင်းရှိတဲ့သူတွေကိုလည်း ခန့်လို့မရတာကြောင့် အရည်အချင်းရှိတဲ့သူတွေကို စားရိတ်ပေးပြီးတော့ သင်ခိုင်းမယ့်သဘောမျိုးပါဘဲ၊ ပညာရေးဝန်ကြီးဌာအနေနဲ့ကလည်း လောလောဆယ် ဆရာ/ဆရာမ ခန့်ဖို့ မလုပ်နိုင်သေးတဲ့အခါကျတော့ ဒီဟာကို အရေးပေါ်သုံးလို့ရအောင် ဆောင်ရွက်တာပါ”ဟု ချင်းပြည်နယ် ပညာရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်မှပြောသည်။

ယခုကဲ့သို့ ပညာရေး လုပ်အားပေးဝန်ထမ်း ခန့်အပ်ခြင်းမှာ မတူပီမြို့နယ်တွင် ကျောင်းဆရာ/ဆရာမ များစွာ လစ်လပ်လျက်ရှိနေကြောင်း လွှတ်တော်များတွင် တင်ပြဆွေးနွေးချက်များကို ပြည်ထောင်စုအစိုးရမှ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဝန်ကြီးမှ ပြောသည်။

မတူပီလွှတ်တော်အမတ် ဆလိုင်းအောင်လျန်းမှ “ကျနော်တို့မတူပီမှာက ကျောင်း ဆရာ/ဆရာမ ၃ဝဝကျော်လစ်လပ်နေတယ်၊ အဲဒီလစ်လပ်နေတဲ့ကျောင်းတွင်ကလည်း ပိတ်ရတော့မယ့် အနေအထားထိဖြစ်နေတာကြောင့် ကျနော်နဲ့ဦးပါထန်းကနေပြီးတော့ ခန့်ပေးဖို့ တောင်းဆိုထားတာတွေရှိတယ်၊ ဟားခါးပညာရေးကောလိပ်ကလည်း တစ်နှစ်မှာ ၅ဝလောက်ဘဲ မွေးထုတ်ပေးနိုင်မှာ ချင်းပြည်နယ်မှာ ဝန်ထမ်းလိုအပ်ချက်က ၄ဝဝဝနီးပါးရှိနေတယ်၊ အဲဒါကြောင့် ဦးစားပေးတဲ့အနေနဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ ဆယ်တန်းအောင်နှင့် ဘွဲ့ရတွေကိုတောင်းဆိုတာဖြစ်ပါတယ်”ဟုဖြစ်သည်။

ချင်းပြည်နယ်တွင် ကျောင်းများတွင် ဆရာ/ဆရာမ လိုအပ်ချက်များစွာရှိနေပြီး ယခုနှစ်အတွင်း ပလက်ဝမြို့နယ်တွင် ဝန်ထမ်းလိုအပ်ချက် ဖြည့်စွက်နိုင်ရန် လုပ်အားပေး ၃၅ဝခန့် ခေါ်ယူခဲ့ခန့်အပ်ခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...