ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများနှင့်ရွာသားများကို တပ်မတော်က ပေါ်တာထမ်းခိုင်း

ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများနှင့်ရွာသားများကို တပ်မတော်က ပေါ်တာထမ်းခိုင်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသခံရွာသားများကို တပ်ရိက္ခာများ သယ်ပေးရန်ဟုဆိုကာ မြန်မာ့တပ်မတော်က ပေါ်တာဆွဲခဲ့သည်ဟု စုံစမ်းသိရှိရသည်။

စစ်ဘေးရှောင်ပြည်သူများနှင့် မီးဇာကျေးရွာသား စုစုပေါင်း (၃၅) ဦးတို့သည် တပ်မတော်ရိက္ခာများ ထမ်းပေးရန်အတွက် ယနေ့နနံက်ပိုင်းက တွင်းချောင်းဝကျေးရွာသို့ ထွက်ခွါသွားကြပြီး တွင်းချောင်း၀ ကျေးရွာမှ ခမောင်းဝကျေးရွာထိ တပ်ရိက္ခာများကို ထမ်းပေးကြရမည်ဟု မီးဇာအုပ်ချူပ်ရေးမှူး ဦးဟွေ့လော ကပြောသည်။

“သူတို့ (တပ်မတော်) က အုပ်ချုပ်ရေးမှူးတွေ အာဏာပိုင်အဖွဲ့စည်းတွေကို တာဝန်ပေးတယ်လေ စစ်ဘေးရှောင်တွေကိုလည်းပြောပေး နောက်ပြီးတော့ အုပ်စုထဲကလူတွေကိုလည်းပြောပေးဆိုပြီးတော့ ကျနော်တို့ကလည်း

ခေါင်းဆောင်လုပ်ပြီးတော့ ရိက္ခာတွေကိုသယ်ပေးနေရတာပေါ့ ငြင်းလို့မရဘူး ငြင်းရင်လည်းမကောင်းဘူးပေါ့ သူတို့ကလက်နက်ကိုင်ဆိုတော့ ငြင်းလို့တော့ဘယ်ရမလဲ” ဟု

ဦးဟွေ့လောကပြောသည်။

တွင်းချောင်းဝကျေးရွာနှင့် ခမောင်းဝကျေးရွာသည် ခြေလျှင်ဖြင့်တစ်ရက်သွားရသည့်ခရီးဖြစ်ပြီး တပ်ရိက္ခာထမ်းသူများကို လူတစ်ဦးလျှင် ကျပ်ငွေ (၄၀၀၀) နှုန်းပေးမည်ဟု တပ်မတော်ကပြောဆိုထားကြောင်း၊ ရိက္ခာထမ်းပြီး ကျေးရွာသို့ပြန်လည်ရောက်ရှိလာပြီးမှ ထရွန်အိုင်တပ်စခန်းတွင် ငွေသွားထုတ်ရမှာဖြစ်ကြောင်း အုပ်ချူပ်ရေးမှူးကဆက်ပြောသည်။

မနက်ဖြန်တွင်လည် မီးဇာကျေးရွာအုပ်စုမှ အိုးတလင်းဝရွာ၊ ဝက်ကိုဝရွာနှင့် အထက်မီးဇာတို့မှ ရွာသားများက တပ်ရိက္ခာများကို ဆက်လက်ထမ်းပေးကြရဦးမည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ (၁၅) ရက်နေ့ကလည်း ပလက်ဝမြို့နယ်၊ ခမောက်ဝကျေးရွာတွင်တပ်စွဲလျှက်ရှိသော ခလရ (၇၇) တပ်ရင်းသည် တပ်ရိက္ခာများသယ်ယူရန်ဟုဆို ကာ မီးဇာကျေးရွာသားများနှင့် မီးဇာကျေးရွာတွင် လာရောက်ခိုလုံကြသည့် စစ်ဘေးရှောင်ပြည်သူ (၃၁) ဦးကို ပေါ်တာထမ်းခိုင်းခဲ့သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...