KIO အထိမ်းအမှတ်နေ့ ပြုလုပ်မည့်နေရာသို့ မြန်မာစစ်ကြောင်းများ တက်လာ

KIO အထိမ်းအမှတ်နေ့ ပြုလုပ်မည့်နေရာသို့ မြန်မာစစ်ကြောင်းများ တက်လာ

(၅၉) နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နေ့ အထိမ်းအမှတ်နေ့ ပြုလုပ်ရန် ပြင်ဆင်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်ရင်း (၈) နယ်မြေသို့ မြန်မာစစ်တပ် စစ်ကြောင်းများ တက်လာနေကြောင်း ဆိုပါသည်။

နှစ်ပတ်လည်နေ့ကို နမ္မတူမြို့နယ် Bang Gaw ကျေးရွာတွင် ပြုလုပ်ရန် စီစဉ်ထားရာ အောက်တိုဘာ (၂၄)ရက်နေ့က တပ်မတော် စစ်ကြောင်းများ တက်လာခြင်းကြောင့် နှစ်ဖက် စစ်ရေး တင်းမာလာနိုင်ကြောင်း KIA တပ်ရင်း(၈) သတင်းရပ်ကွက်က ဆိုပါသည်။

ကချင်ပြည်နယ် ပယင်းထွက်ရှိရာ တနိုင်းမြို့နယ် KIA တပ်ရင်း (၁၄)၊ Nam Byu ဧရိယာဘက်ကိုလည်းမြန်မာစစ်တပ်အင်အားဖြည့်တင်းမှုပြုလုပ်နေကြောင်းဒေသခံများဆိုပါသည်။

ယနေ့ အောက်တိုဘာလ (၂၅)သည် (၅၉) နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization) နေ့ဖြစ်သည်။

KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ (Gen Nban La) ၏ နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် “ရန်သူနဲ့ အပစ်ရပ်လက်မှတ်ထိုးပြီး စစ်ရှောင်တွေ နေရပ်ပြန်နိုင်ဖို့ နဲ့ တခြားအကြောင်းအရာတွေကိုလည်း စားပွဲပေါ်မှာ မျက်နှာချင်းဆိုင် ဆွေးနွေးနိုင်ဖို့ KIO ဗဟိုကော်မတီ ကြိုးစားနေကြောင်း” ထုတ်ပြန် ထားပါသည်။

KIO ကို ကချင် တက္ကသိုလ်ကျောင်းသားများ ဦးဆောင်ပြီး လွန်ခဲ့သော ၁၉၆၀ ခုနှစ် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ဖွဲ့စည်းခဲ့သည်။

May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...