ဆယ်နှစ်အရွယ်မိန်းကလေးကို အသက် ၅၉နှစ်အရွယ် အိမ်နီးချင်းနေထိုင်သူက အဓမ္မပြုကျင့်

ဆယ်နှစ်အရွယ်မိန်းကလေးကို အသက် ၅၉နှစ်အရွယ် အိမ်နီးချင်းနေထိုင်သူက အဓမ္မပြုကျင့်

မကွေးတိုင်းဒေသကြီး၊မကွေးမြို့ ၊ ……….ရပ်ကွက်တွင် ဆယ်နှစ်အရွယ် မိန်းကလေးကို အသက် ၅၉နှစ်အရွယ် အိမ်နီးချင်းဖြစ်သူက ဖြားယောင်းသွေးဆောင်ကာ အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောာင်း မကွေးမြို့၊ နယ်မြေရဲစခန်းမှ သိရသည်။

အောက်တိုဘာလ ၂၂ရက် ညနေ (၅)နာရီအချိန်တွင် ……..ရပ်ကွက်တွင်နေထိုင်သော ဒေါ်....(၆၅) နှစ်သည် ညီမဖြစ်သူ၏နေအိမ်သို့ ဗီဒီယိုကြည့်ရန်သွားရောက်ရာ လမ်းတွင် အိမ်နီးချင်း ဖြစ်သူဒေါ်....မှ နောက်မှ ပြေးလိုက်လာပြီး မြေးဖြစ်သူ(၁၀)နှစ်သမီးကို အိမ်နီချင်းဖြစ်သူ ဦးလှဝေ (၅၉)နှစ်မှ ၎င်း၏ နေအိမ်ပေါ်တွင် အဓမ္မပြုကျင့်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း ပြောပြသဖြင့် ဦးလှဝေ(၅၉)နှစ်၏ နေအိမ်သို့ ချက်ချင်းသွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါနေအိမ်သို့သွားရောက်ကြည့်ရှုစဉ် သုံးပင်မြေစိုက် အိပ်ခန်းခြေရင်းတွင် မြေးဖြစ်သူ မ.....(၁၀) နှစ်အား အဝတ်အစားဖရိုဖရဲဖြင့် တွေ့ရသဖြင့် ဖြစ်စဉ်အား မေးမြန်းခဲ့ကြောင်း သိရသည်။

“ကျုးလွန်သူ ဦးလှဝေအိမ်နဲ့ကလေးမအိမ်က ပေတစ်ရာလောက်ပဲ အကွာအဝေးရှိပါတယ်။ ဦးလှဝေက လက်ခုပ်တီးခေါ်ပြီး လက်ဖက်ရည်ဝယ်ခိုင်းတယ်။ လက်ဖက်ရည်ဝယ်ပြီး သွားပေးတော့ ကလေးမရဲ့ မအင်္ဂါကို လက်နဲ့ လှုပ်ရှားတယ်။ ပြီးတော့ အပေါ်ကထိုင်ခိုင်းတယ်လို့ မ......(၁၀)နှစ်က ပြန်လည်ပြောပြတယ်လို့ သူမရဲ့အဖွားကပြောတယ်”ဟု အမှုစ်ဆေးနေသူ မကွေးမြို့၊နယ်မြေရဲစခန်းမှ စခန်းမှုးရဲအုပ်သူရဇော်က ပြောသည်။

အဆိုပါဖြစ်စဉ်အတွက် မိန်းကလေး၏ အဖွားဖြစ်သော ဒေါ်.....က တရားလိုပြုလုပ်ကာ ဦးလှဝေ (၅၉)နှစ်ကိုတိုင်တန်းခဲ့ပြီး မကွေးနယ်မြေရဲစခန်းမှ ပအမှတ်(ပ)၆၁၅/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...