YMBA အသင်းသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက် သြဝါဒပေး

YMBA အသင်းသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက် သြဝါဒပေး

YMBA ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ်၏ ရာသက်ပန်နာယကဖြစ်သော တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် မဟာမင်္ဂလာဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အောက်တို ဘာလ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ပုဇွန်တောင်မြို့နယ်ရှိ YMBAအသင်းထံသို့ လာရောက် ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် YMBA အသင်းထံသို့ ရောက်ရှိစဉ် အသင်းသားများကို သြဝါဒပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"မြို့ပတ်ရင်းနဲ့ တပ်ချုပ်ကြီးက ဒီ YMBAအသင်းမှာ နာယကကြီးဖြစ်နေတဲ့အတွက်ကြောင့် လာပြီး တော့ လေ့လာကြည့်ရူသွားတဲ့သဘောပါ။ သူက YMBAအသင်း ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ အမျိုးဘာသာ၊ သာသနာ၊ပညာ အဲဒါ တွေအားလုံးကို တစိုက်မတ်မတ်လုပ်ရမယ်။ လေးခုလုံးကိုလုပ်ရမယ်။ အရင်က မလုပ်ခဲ့တာတွေရှိတယ်။ မလုပ်ခဲ့တာတွေကိုလုပ်ရမယ် " ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမှာကြားသွားသည့်ပြည်တွင်း မီဒီယာ များကို YMBA  အသင်း၏ ဥက္ကဋ္ဌ ဖြစ်သော ဦးရဲထွန်းက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်းမှ ပေးအပ်သော "မင်္ဂလာဓမ္မဇောတိကဓဇဘွဲ့နှင့် ရာသက်ပန်နာယကဘွဲ့ကို စက်တင်ဘာလ ၇ ရက်နေ့က ရရှိထား သူဖြစ်သည်။

အဆိုပါ မဟာမင်္ဂလာဓမ္မဇောတိကဓဇဘွဲ့ကို ၁၉၉၉ ခုနှစ်ကစတင်ပေးအပ်ချီးမြှင့်ခဲ့ပြီး သီတဂူ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရအပါအဝင် သံဃာတော်နှင့်လူပုဂ္ဂိုလ် ၇၀ ကျော်ခန့်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းချုပ် (YMBA  )ကို ၁၉၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အသင်း ၏ ရည်ရွယ်ချက်မှာ နိုင်ငံရေး၊ အမျိုး၊ဘာသာ၊ သာသနာကိစ္စများဆောင်ရွက်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ် သည်။ သို့သော် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလများတွင် နိုင်ငံရေးနယ်ပယ်၌ ဝင်ပါခြင်းမျိုး မရှိတော့ဘဲ အမျိုး၊ဘာသာ၊ သာသနာနှင့် ဆိုင်သည့် လုပ်ငန်းများကိုသာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...
April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...