ကချင်လူငယ် ၂ ဦး၏ အယူခံကို ပြည်နယ်တရားရုံး ပယ်ချ

ကချင်လူငယ် ၂ ဦး၏ အယူခံကို ပြည်နယ်တရားရုံး ပယ်ချ
မဆိုင်းနူးပန်  ငြိမ်းစုစီဖြင့် ထောင်ဒဏ်ကျခံခဲ့ရသူ
မဆိုင်းနူးပန် ငြိမ်းစုစီဖြင့် ထောင်ဒဏ်ကျခံခဲ့ရသူ

ကချင်စစ်ဘေး ၈ နှစ်ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်တာကြောင့် ထောင်ချခံခဲ့ရတဲ့ လူငယ်ခေါင်းဆောင် ၂ ဦးရဲ့ အယူခံတင်ပြမှုကို ပြည်နယ်တရားလွှတ်တော်က ပယ်ချလိုက်ပါတယ်။

မဆိုင်းနူးပန်နဲ့ ကိုပေါလု တို့ ၂ ဦး အပြစ်မရှိကြောင်း အယူခံကို အောက်တိုဘာလ ၁၇ ရက်နေ့တင်ပြခဲ့ရာ အဲဒီနေ့မှာပဲ ပြည်နယ်တရားရုံးက ပယ်ချခဲ့တာပါ။

လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့တုန်းကလည်း ခရိုင်တရားရုံးမှာ အယူခံပေမဲ့ ပယ်ချခံခဲ့ရပါတယ်။

“ကချင်ပြည်နယ်တရားစီရင်ရေးက ယုံကြည်စရာမရှိတော့ဘူးဆိုတဲ့ အဖြေတစ်ခုတော့ ရခဲ့ပါတယ်။ တကယ်လည်း ကျမတို့ အပြစ်မရှိကြောင်း ပြင်ဆင်မှုလျှောက်ပေမဲ့ သူတို့က အချည်းနှီး ပြန်ပလပ်လိုက်တယ်။” ဟု ထောင်ဒဏ် ၁၅ ရက်ချခံခဲ့သော မဆိုင်းနူးပန်ပြောပါတယ်။

ဒါကြောင့် နေပြည်တော် တရားလွှတ်တော်ရုံးအထိ အယူခံတင်ပြသွားမယ်လို့ ပြောပါတယ်။

အယူခံတင်ပြမှု အောင်မြင်ရင် ငွေဒဏ်ဆောင်ခဲ့သော် ပြန်ရနိုင်ပြီး ပြစ်မှုမှတ်တမ်းလည်း ပယ်ဖျက်နိုင်တယ်လို့ သိရပါတယ်။

“အထိမ်းအမှတ်နေ့ ပြုလုပ်တာကို ဆန္ဒဖော်ထုတ်တာဆိုပြီး တံဆိပ်ကပ်တာလေ။ အဲဒီဟာက နောက်နောင် အထိမ်းအမှတ်ပွဲလုပ်တိုင်း ငြိမ်းစုစီတင်ရမလိုဖြစ်နေတဲ့သဘောဖြစ်လာတော့ ကျနော်တို့ဒါကို အားလုံးအတွက်ကောင်းဖို့၊ သူတို့ကိုယ်တိုင်လည်း အပြစ်မရှိဘူးလို့ပြောထားတယ်။” ဟု လူငယ် ၂ ဦး၏ ရှေ့နေ တရားလွတ်တော်ရှေ့နေ ဦးဂျီမာခါး ပြောပါသည်။

ကချင်စစ်ဘေး ၈ နှစ်ပြည့်တဲ့ ဇွန်လ ၉ ရက်နေ့မှာ စစ်ဘေးရှောင်လူငယ်တွေက လမ်းဘေးတေးသရုပ်ဖော်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ ဦးဆောင်ခဲ့တဲ့ ကိုပေါလုနဲ့ မဆိုင်းနူးပန်တို့ ၂ ဦးကို စက်တင်ဘာလ ၂ ရက်နေ့မှာ ထောင်ဒဏ် ၁၅ ရက် ချမှတ်ခဲ့တာပါ။

မဆိုင်းနူးပန်က စက်တင်ဘာလ ၁၅ ရက်နေ့မှာ လွတ်မြောက်လာပြီး ကိုပေါလုကတော့ တရားသူကြီးကို ချိန်ခွင်ပျက်ပေးလို့ ထောင်ဒဏ် ၃ လ ထပ်တိုးပြီး ချမှတ်ခံနေရပါတယ်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...