ထားဝယ်မြို့တွင် ကျပ်တစ်သောင်းတန်ငွေစက္ကူအတုများ ဖမ်းမိ

ထားဝယ်မြို့တွင် ကျပ်တစ်သောင်းတန်ငွေစက္ကူအတုများ ဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အောက်တိုဘာ (၁၆) ရက်နေ့က အမျိုးသားတစ်ဦးထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု(၃၆) ရွက်ကိုဖမ်းဆီး အရေးယူခဲ့ကြောင်း တိုင်ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထိုသို့ ငွေစက္ကူအတုများကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရသူမှာ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သော ကောင်းထက်ဇော်(၃၂) နှစ် ဖြစ်ပြီး အောက်တိုဘာလ (၁၆) ရက်၊ မွန်းလွှဲ (၁)နာရီခွဲအချိန်က ထားဝယ်မြို့၊ အနောက်တွင်းရပ်ကွက်ရှိ သဟာရလ္ဘက်ရည်ဆိုင်တွင် ပြည်သူ တစ်ဦးမှ သတင်းပေးတိုင်ကြားမှုကြောင့် သွားရောက်ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငွေစက္ကူအတုများ လက်ဝယ်ထားရှိ အသုံးပြုသူကောင်းထက်ဇော်အား ဥပဒေအရ အရေး ယူရန်ထားဝယ်မြို့မရဲစခန်းမှ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် စစ်ဆေး အရေးယူထားကြောင်းသိရ သည်။

May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...