သက်မပြည့် ကလေးအား အဓ္ဓမပြုကျင့်သူ၏ ဓာတ်ပုံရရှိပြီဖြစ်သော်လည်း မဖမ်းနိုင်သေး

သက်မပြည့် ကလေးအား အဓ္ဓမပြုကျင့်သူ၏ ဓာတ်ပုံရရှိပြီဖြစ်သော်လည်း မဖမ်းနိုင်သေး

စစ်ကိုင်းတိုင်း၊ ကလေးမြို့စမ်းမြို့ရပ်ကွက်ရှိ အမှတ်(၈) အခြေခံအထက်တန်းကျောင်းတွင် ကျောင်းတက်ရောက်နေ သည့် (၅) နှစ်အရွယ် KG ကျောင်းသူကို အဓမ္မပြုကျင့်သူ၏ ဓာတ်ပုံများ ရရှိထားပြီဖြစ်သော်လည်း တရားခံလွတ်မြောက်နေဆဲဟု သိရသည်။

(၅)နှစ်အရွယ် KG ကျောင်းသူကို အဓမ္မပြုကျင့်သူမှ ကျောင်းမှ ခေါ်သွားသည့် လမ်းကြောင်းကို ကျောင်းသူမလေးကို မေးမြန်းသည့်အချိန်တွင် သွားခဲ့သည့် လမ်းအတိုင်း CCTV ကင်မရာတပ်ထားသည့် နေရာများ စစ်ဆေးရာ တာဟန်းဈေးအနီး အပန်းဖြေဘီယာဆိုင်ရှေ့တွင် ဆိုင်ကယ်နဲ့ တင်ဆောင်သွားခဲ့သည့် ပုံရိပ်များမှ သိရှိရခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသမီးဆိုင်ရာ တရားမျှတမှု WJ မှ တာဝန်ရှိသူတစ်ဦးက “အခုချိန်မှာ ကလေးမလေးကိုလည်း မေးမြန်းလို့ ရနေပြီလို့လည်း သိရတယ်။ ကလေးမလေးကို အဓမ္မပြုကျင့်တဲ့သူရဲ့ ပုံရိပ်တွေကိုလည်း CCTV ကနေတဆင့် ရရှိတယ်။ တရားခံကိုတော့ မမိသေးဘူးလို့လည်း သိရတယ်”ဟုပြောသည်။

KGကျောင်းသူကို အဓမ္မကျင့်သူ၏ ပုံရိပ်များကို သိရှိရသည်မှာ နှစ်ပတ်ကျော် ကြာခဲ့ပြီဖြစ်သော်လည်း တရားခံမှာ လွတ်မြောက်နေဆဲဖြစ်သည်။ အဆိုပါ အမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူများမှ စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်းလည်း သိရှိရသည်။

စမ်းမြို့ရပ်ကွက်ရှိ အမှတ်(၈) အခြေခံအထက်တန်းကျောင်းတွင် ကျောင်းတတ်ရောက်နေသည့် (၅)နှစ်အရွယ် KG ကျောင်းသူတစ်ဦးကို အောက်တိုဘာလ (၁)ရက်နေ့ ညနေပိုင်းတွင် အဓမ္မပြုကျင့်သူမှ ကျောင်းသူလေးကို မုန့်ဝယ်ကျွေးမည်ဆိုပြီး ဆိုင်ကယ်ဖြင့် ဒိုးဝိုင်းချောင်း သုဿန်အနီးတွင် ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...