မွန်ပြည်သစ်နှင့် KNU တို့ ထားဝယ်တွင် တိုက်ပွဲပြန်ဖြစ်

မွန်ပြည်သစ်နှင့် KNU တို့ ထားဝယ်တွင် တိုက်ပွဲပြန်ဖြစ်

တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးထားသော မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် ထားဝယ်ခရိုင် ရေးချောင်းဖျားဒေသတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၇ ရက်နေ့နံနက်အစောပိုင်း ၄ နာရီခွဲခန့်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြောင်းအရင်းကိုမသိရသေးကြောင်း မွန်ပြည်သစ် ထားဝယ်ခရိုင်ဆက်သွယ်ရေးရုံးမှ ဦးအောင်စိုးမွန် ကဆိုသည်။

“ဖြစ်တော့ဖြစ်တယ်။ နောက်ဆုံးအခြေအနေတော့ ကျွန်တော်တို့မသိဘူး။ နေရာကတော့ သေချာ မသိဘူး။ ရေချောင်းဖျားဒေသက။ အချိန်ကဒီနေ့ မနက်ပိုင်းပဲ နံနက်စောစော ၄ နာရီခွဲ ၅ နာရီ လောက်က” ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ ဗဟိုမှတာဝန်ရှိသူအချို့နှင့် ကရင်အမျိုးသား အစည်း အရုံး၊ ပစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့် ရေးတာဝန်ရှိသော JMC-U တာဝန်ရှိသူတို့ထံဆက်သွယ်သော် လည်း သတင်းရေးသားချိန် နေ့လယ် ၁၂ နာရီခန့်အထိ ဖုန်းလက်ခံဖြေကြား ခြင်းမရှိသေးပေ။

“KNU နဲ့မွန်ပြည်သစ်ကြားမှာ အောက်ခြေမှာတော့ မကြာခဏဆိုသလိုတိုက်ပွဲဖြစ်ပွားေလ့ရှိပါတယ်။ ဒါပေမယ့် အထက်လူကြီးချင်း တွေ့ဆုံဖြေရှင်းညှိနှိုင်းလေ့ရှိပါတယ်။ အဲ့တော့ ကျွန်တော်တော့ ပြဿနာကြီးဖြစ်လာမယ်လို့မထင်ပါဘူး” ဟု ငြိမ်းချမ်းရေးလေ့လာသုံး သပ်သူ ဦးမောင်မောင်စိုး ကပြောသည်။

ထိုင်း-မြန်မာနယ်စပ်အနီး ကရင်ပြည်နယ် ဘုရားသုံးဆူတွင်လည်းပြီးခဲ့သည့် မေလပိုင်းက ကရင်နှင့် မွန် လက်နက်ကိုင် အဖွဲ့များအကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွား၍ တိုက်ပွဲဖြစ်ခဲ့သေးသည်။ မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် ယခင် NCA လက်မှတ်ရေးမထိုးခင်အချိန်ကတည်းက နယ်မြေ သတ်မှတ်မှုများနှင့်ပတ်သက်၍ မကြာခဏ အငြင်းပွားထိ တွေ့မှုများဖြစ်လေ့ ရှိသည့်အဖွဲ့လည်း ဖြစ်သည်။သို့သော် အောင်တိုဘာ ၁၇ ရက်ထိတွေ့မှုသည်မည်သည့်အတွက်ကြောင့်ဖြစ်ပွားသည်ကို မသိရှိရသေးဘဲ မဇ္ဈိမမှ စုံစမ်းလျှက်ရှိသည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး KNU, သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, ဒီမိုကရေစီအကျိုးပြုကရင့်တပ်မေတာ် DKBA, ကရင်ငြိမ်းချမ်းရေးကောင်စီ KNU-KNLA/PC, ရခိုင် အမျိုးသားလွတ်မြောက်ရေးပါတီ ALP, ချင်းအမျိုးသားတပ်ဦး CNF, ပအိုဝ်း လွတ် မြောက်ရေး အဖွဲ့ ချုပ် PNLO, မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများဒီမိုကရက်တစ်တပ်ဦး ABSDF, မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့သည် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ကိုရေးထိုးထားသည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...