NCA လေးနှစ်ပြည့်အခမ်းအနား အောက်တိုဘာလထဲ ကျင်းပမည်

NCA လေးနှစ်ပြည့်အခမ်းအနား အောက်တိုဘာလထဲ ကျင်းပမည်
 2nd anniversary of Nationwide Ceasefire Agreement (NCA) ဓာတ်ပုံ - EPA
2nd anniversary of Nationwide Ceasefire Agreement (NCA) ဓာတ်ပုံ - EPA

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း လေးနှစ်ပြည့် အခမ်းအနားကို အောက်တိုဘာလအတွင်း နေပြည်တော်၌ ကျင်းပသွားရန်ရှိကြောင်း ပအိုဝ်းအဖွဲ့ (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ က မဇ္ဈိမသို့ပြောသည်။

“ကျွန်တော်တို့ လျာထားတာက ၂၈ ရက်နေ့၊ နိုင်ငံတော်အကြီးအကဲများအားလပ်တဲ့ရက်ပေါ့။ အထူးသဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်က ပြန်ရောက်ပြီးတာနဲ့စမှာ။ ကျိန်းသေသလောက်ရှိပြီး အတိုင်ပင်ခံက ၂၆ မှာ မြန်မာပြည် ပြန်ရောက်မယ်။ ၂၈ မှာ စမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါနှစ်ပတ်လည်အခမ်းအနားတွင် သက်ဆိုင်ရာအကြီးအကဲများမှ မိန့်ခွန်းပြောကြားပြီး အလွတ်သဘော သာပြောဆိုကြရန်ရှိကြောင်းလည်း သိရသည်။

ထို့အပြင် အစိုးရအနေဖြင့် NCA လေးနှစ်ပြည့် နှစ်ပတ်လည်ကျင်းပမည့် အောက်တိုဘာ ၂၈ ရက်နေ့တွင် JICM အစည်းအဝေးကျင်းပရေးကိုလည်း ထည့်သွင်းဆွေးနွေးရန်ရှိကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာ ကဆိုသည်။

“အလွတ်သဘောညှိကြတာတော့ အောက်တိုဘာ ၂၄၊ ၂၅ လောက်မှာလုပ်ဖို့လျာထားတယ်” ဟု ၎င်းကပြောသည်။

NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) သည် ပင်လုံညီလာခံကျင်းပရေးအတွက် အရေးကြီးသည့် အစည်းအဝေးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တက်ရောက်သည့် အစည်းအဝေးလည်းဖြစ်သည်။

ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO) ၊ ချင်းအမျိုးသား လွတ်မြောက်ရေး ပါတီ(CNF) ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမို ကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၈ ဖွဲ့တို့က ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့က NCA လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့က NLD အစိုးရလက်ထက်တွင် NCA ကိုထပ်မံရေးထိုးခဲ့သည်။

April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...
April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...