ထိန်းသိမ်းထားသည့် မီးသတ်တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ဖို့မဆုံးဖြတ်ရသေးဟု AA ဆို

ထိန်းသိမ်းထားသည့် မီးသတ်တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ဖို့မဆုံးဖြတ်ရသေးဟု AA ဆို
စိုးသူအောင်
စိုးသူအောင်

ရက္ခိုင့်တပ်(AA) မှ ဖမ်းဆီးခေါ်ဆောင်ထားသည့် မီးသတ်တပ်ဖွဲ့ဝင်များအား စစ်ဆေးနေဆဲဖြစ်၍ ပြန်လွှတ်ရန် မဆုံးဖြတ်ရသေးကြောင်း AA အဖွဲ့ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်နေ့က မန္တလေးမှစစ်တွေသို့သွားသည့် ရွှေပြည်သစ်ခရီးသည် တင်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရပ်သားခရီးသည်များကို ရက္ခိုင့်တပ် AA မှ မြောက်ဦးမြို့နယ်အနီးတွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။

“ စိစစ်လို့ နောက်ပိုင်းမှာတကယ်အပြစ်မရှိတာတကယ်ထင်ရှားလို့ရှိရင်တော့ ကျွန်တော်တို့ လွှတ်ပေးမှာပေါ့။ စိစစ်တုန်းပဲဗျ။ လွှတ်မယ်၊ မလွှတ်ဘူး ဘာလုပ် မယ်ဆိုတာ လောလောဆယ် ပြောလို့မရဘူး။ ကျွန်တော်ပြောတာက ဖြစ်စဉ်ကိုပဲပြောတာ။ အခုအချိန်မှာ ဘာမှတိတိကျကျ ပြောလို့မရသေးဘူး။ စစ်ဆေးတုန်းပဲရှိသေးတယ်” ဟု ဦးခိုင်သုခကဆိုသည်။

အဆိုပါ မီးသတ်တပ်ဖွဲ့ဝင်များအား ထိန်းသိမ်းရခြင်းမှာ မသင်္ကာဖွယ်ရာ အစုလိုက်အပြုံလိုက် သွားလာ နေခြင်းကြောင့်အပြင် တပ်မတော်ဘက်မှ ရဲ၊ မီးသတ်တို့၏ ယူနီဖောင်းများ အသုံးပြု၍ သွားခြင်းမျိုး ရှိ၍ဟုဆိုသည်။

တပ်မတော်ဘက်မှပြောကြားချက်အရ တပ်မတော်သားများအနေဖြင့် အခြားယူနီဖောင်းပြောင်းလဲ ခြင်းမျိုးမရှိသကဲ့သို့ အရပ်သားကားများကိုလည်း အသုံးပြုလေ့ လုံးဝမရှိဘူးဟုဆိုထားသည်။

“ ကျွန်တော်တို့မှာ ကျွန်တော်တို့ရဲ့ ပို့ဆောင်ဆက်သွယ်ရေးကားသီးသန့်ရှိပါတယ်။ ဒေသခံ ကားတွေလည်း စီးစရာအကြောင်းမရှိပါဘူး” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောသည်။

ထို့အပြင် AA ဘက်မှဖမ်းဆီးခဲ့သည့် ယာဉ်ပေါ်တွင် လိုက်ပါလာသော အခြေခံမီးသတ်သင်တန်း ဆင်း လာသည့် သင်တန်းသား ၁၈ ဦး ၊ အရပ်သား ၁၂ ဦး ၊ မီးသတ် ဒုဦးစီးမှူး ၁ ဦး ၊ စုစုပေါင်း ၃၁ ဦး တို့၏ သတင်းများကိုလည်း စုံစမ်းနေပြီး နယ်မြေလုံခြုံရေးလည်းလုပ်ဆောင်ေနသည်ဟု ၎င်းကဆိုသည်။

“လောလောဆယ်တော့ ကျွန်တော်တို့ သူတို့ကို စိစစ်တုန်းပဲဗျ။ သူတို့ကိုစစ်ဆေးနေတယ်။ ကောင်း ကောင်းမွန်မွန်ပဲ စစ်ဆေးနေတာ။ ကျွန်တော်တို့ ညှင်းပန်း နှိပ်စက်မှုဘာမှမလုပ်ဘူး။ သူတို့ဟာ မီးသတ်သမားစစ်စစ်တွေလား၊ ဘယ်လိုလူမျိုးတွေလဲဆိုတာ သေသေချာချာ စိစစ် နေတယ်” ဟု ရက္ခိုင့်တပ် (AA) မှ ဦးခိုင်သုခက ပြောသည်။

ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန မှ ရက္ခိုင့်တပ် AA က ထိန်းသိမ်းစစ်ဆေးနေသည့် မီးသတ်တပ်ဖွဲ့ ဝင်များ ပြန်လွတ်လာရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ေနသကဲ့သို့ ပြန်လွှတ်ပေးဖို့ကိုလည်း မျှော်လင့်ကြောင်း BBC သတင်းဌာနသို့ဖြေကြားထားသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခံရသည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ပြင်ဦးလွင် ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်၌ မွမ်းမံသင်တန်းတက်ရောက်ကာ မြောက်ဦးမြို့သို့ ပြန်လာသူများဖြစ်ပြီး တစ်ပတ်ကြာ သည်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးခြင်းဖြစ်သည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...