လင်းပင်မင်းသားကြီး မြစ်တော် လင်းပင်တင်ဆွေဦး ကွယ်လွန်

လင်းပင်မင်းသားကြီး မြစ်တော် လင်းပင်တင်ဆွေဦး ကွယ်လွန်

လင်းပင်းမင်းသားကြီး၏ မြစ်တော်စပ်သူ လင်းပင်တင်ဆွေဦးသည်  အောက်တိုဘာ ၁၃ ရက်နေ့ ညပိုင်းက ကွယ်လွန်သွားသည်ဟု  ကုန်းဘောင်ဆက်အနွယ်တော်တစ်ဦးဖြစ်သူ ကိုထိပ်တင်အောင်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“ဟုတ်တယ်။ ဒီနေ့(အောက်တိုဘာ ၁၅ ) ညနေ လေးနာရီမှာ ရေဝေးမှာ သင်္ဂြိုဟ်သွားမယ်။ ကာယ ကံရှင်မိသားစု  လုပ်ချင်တာကို အစ်ကိုတို့ ကုန်းဘောင်ဆက်မောင်နှမများက ဝိုင်းပြီး ပံ့ပိုးပေးသွား မှာပါ” ဟု ကိုထိပ်တင်အောင်က ဆိုသည်။

ကွယ်လွန်သွားသည့် လင်းပင်တင်ဆွေဦးသည် ကနောင်မင်းသားကြီး နှင့် ခင်ဖော့ တို့၏ တီတော်၊ လင်းပင်မင်းသားကြီး နှင့် ရေနံ့သာခင်ခင်ကြီး(ရေနံ့သာမင်းသား၏သမီး)တို့၏ မြစ်တော်၊ လင်းပင် ထိပ်တင်လတ် နှင့် ရွှေပြည်ခင်ခင်ကြီး တို့၏ မြေးတော်၊ လင်းပင် တင်တင်လတ် နှင့် ဒေါ်ခင်သိန်း တို့၏ သမီးတော် ၊ ဦးလှစိုး ၏ ဇနီး ၊ ဆွေတော်မျိုးတော်တို့၏ ပူဇော်ကန့်တော့ပွဲ ကန်တော့ခံဖြစ်သည်။

လင်းပင်တင်ဆွေဦး သက်တော်(၈၀)ကွယ်လွန်ခြင်းအတွက် ကုန်းဘောင်ဆက်မောင်နှမများက မိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲရကြောင်း၊ ပြုသမျှ ကုသိုလ်အပေါင်းအား အမျှဆက်သ အပ်ပါသည်ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...