ပြည်နယ်အဆင့် ကျင်းပမည့် ချင်းအမျိုးသားနေ့ ပလက်ဝမြို့မှ ထန်တလန်မြို့သို့ပြန်ရွှေ့

ပြည်နယ်အဆင့် ကျင်းပမည့် ချင်းအမျိုးသားနေ့ ပလက်ဝမြို့မှ ထန်တလန်မြို့သို့ပြန်ရွှေ့

လာမည့်နှစ် ဖေဖော်ဝါရီလ တွင်ကျင်းပမည့် ပြည်နယ်အဆင့် ချင်းအမျိုးသားနေ့ကို ပလက်ဝမြို့တွင် ကျင်းပမည့်အစီအစဉ် နယ်မြေမလုံခြုံမှုကြောင့် ထန်တလန်မြို့တွင် ကျင်းပရန် ပြောင်းရွှေ့လိုက်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက် ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ပလက်ဝမြို့မှာ ချင်းအမျိုးသားနေ့လုပ်ဖို့က နယ်မြေမငြိမ်းချမ်းတော့ ပွဲတက်ရောက်လာမည့် ဧည့်သည်တွေ၊ နိုင်ငံတော်အကြီးကဲတွေ အတွက် သူတို့ရဲ့ လုံခြုံရေးအရ စိတ်မချရလို့ ၂၀၂၀ ချင်းအမျိုးသားနေ့ကို ထန်တလန်မြို့မှာ ပြန်လုပ်ဖို့စီစဉ်ထားတယ်”ဟုပြောသည်။

ချင်းပြည်နယ် မြို့နယ်တိုင်းတွင် ပြည်နယ်အစိုးရ အနေဖြင့် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့သော်လည်း လာမည့် ချင်းအမျိုးသားနေ့အတွက် ပလက်ဝမြို့နယ်၏ နယ်မြေမလုံခြုံမှုကြောင့် ၂၀၂၁ ခုနှစ်တွင်သာ ပြန်လည်ကျင်းပရန် အကြမ်းဖျင်း စီစဉ်ထားကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

သူက “၂၀၂၁ ခုနှစ်လောက်ကျရင် နည်းနည်းလေးများ အေးချမ်းသွားမလားလို့ပါ။ အခုလည်း NCA လက်မှတ်ရေးထိုးဖို့ ငြိမ်းချမ်းရေးတွေလည်း လုပ်နေကြတော့ အေးချမ်းသွားတဲ့ အချိန်မှဘဲ လုပ်မလားလို့ အကြမ်းဖျင်း တိုင်ပင်ဆွေး နွေးမှုတွေလုပ်တယ်”ဟုပြောသည်။

လာမည့်နှစ်ချင်းအမျိုးသားနေ့ကို ပလက်ဝမြို့တွင်ကျင်းပပြီး ပလက်ဝမြို့တွင် တည်ဆောက်လျက်ရှိသည့် ကုလားတန်မြစ်ကူးတံတားကို တစ်ပြိုက်နက်တည်း ဖွင့်လှစ်ရာ ရာထားမှုရှိခဲ့သော်လည်း ယခုကဲ့သို့ နယ်မြေလုံခြုံရေးအခြေအနေအရ ထန်တလန်မြို့တွင် ကျင်းပရန် ပြန်လည်စီစဉ်လာခြင်းဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...