AA မှ ရွာအတွင်းသို့ဝင်ရောက်ကာ ရွှေ၊ငွေနှင့် ကျွဲ၊နွားများ လုယက်သွားကြောင်း တပ်မတော်ထုတ်ပြန်

AA မှ ရွာအတွင်းသို့ဝင်ရောက်ကာ ရွှေ၊ငွေနှင့် ကျွဲ၊နွားများ လုယက်သွားကြောင်း တပ်မတော်ထုတ်ပြန်

ရက္ခိုင့်လက်နက်ကိုင်အဖွဲ့(AA) မှ ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာအတွင်းသို့ဝင်ရောက်ကာ ကျွဲ၊နွားနှင့် ရွှေငွေများ လုယက်ယူဆောင်သွားသည်ဟု တပ်မတော်သတင်း မှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

“ကျေးရွာအတွင်းမှာတော့ လူအချို့နေထိုင်နေတယ်။ တချို့တော့မရှိတော့ဘူး။ လူနေအိမ် ၃၀ လောက် ပျက်စီး နေတာတွေ့တယ်။ ကျန်ခဲ့တဲ့ဒေသခံတစ်ချို့ပြောတာက အောက်တိုဘာ ၆ ရက်နေ့က ရွာထဲကို လက်နက် ကိုင် ဆောင်ထားတဲ့ လူ ၂၀ လောက်ရောက်လာတယ်။ ပြီးတော့ ရွာထဲမှာ လိုက်လံရှာဖွေပြီး ရွှေတွေ ငွေတွေ ယူ ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဆိုသည်။

နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းသည် ရသေ့တောင်မြို့နယ် လွန်းတောင်ရွာသို့ အောက်တိုဘာ ၁၁ ရက်နေ့ကရောက်ရှိစဉ် တပ်မတော်စစ်ကြောင်းကိုဒေသခံအချို့က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်ကပြောဆိုထားသည်။

တပ်မတော်စစ်ကြောင်းရောက်ရှိစဉ် လွန်းတောင်ရွာအတွင်း၌ အိမ်ခြေ ၁၈၅ လုံး ၊ မူလတန်းကျောင်း တစ် ကျောင်း၊ ဗလီတစ်လုံးတွေ့ရှိရပြီး ယင်းတို့အထဲမှ အိမ်ခြေ ၃၀ ခန့်ပျက်စီးနေသည်ဟု တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားသည်။

AA အဖွဲ့မှ ယူဆောင်သွားခြင်းကြောင့် ကျွဲ၊နွားအကောင်ရေ ၄၀ ၊ ရွှေ တစ်ဆယ်သား ၊ငွေ ၃၉သိန်းကျော်နှင့် ရွာ အတွင်းရှိ စျေးဆိုင်သုံးဆိုင်မှ ပစ္စည်းများ ၁၉ သိန်းကျော်ဖိုးခန့် ဆုံးရှုံးခဲ့ရသည်ဟု သတင်းထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူအား ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...