ပုသိမ်တံတား အမှတ် (၂) ကို ၂၀၂၀ခုနှစ် မတ်လအတွင်း အပြီးတည်ဆောက်မည်ဟုသိရ

ပုသိမ်တံတား အမှတ် (၂) ကို ၂၀၂၀ခုနှစ် မတ်လအတွင်း အပြီးတည်ဆောက်မည်ဟုသိရ

၂၀၁၈-၁၉ခုနှစ် ဘတ်ဂျက်တွင် စတင်တည်ဆောက်ခဲ့သော ပုသိမ်တံတား အမှတ်(၂) စီမံကိန်းကို ၂၀၂၀ ခုနှစ် မတ်လ အတွင်း အပြီးတည်ဆောက်ရန် ပြင်ဆင်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးမဲ ဆန္ဒနယ်အမှတ်(၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးက ပြောသည်။

“ဒီတံတားကတော့ ဒီဘတ်ဂျက်ထဲမှာ အပြီးတည်ဆောက်မယ်။ဖေဖော်ဝါရီ၊ မတ်လောက်မှာ ပြီးအောင် ဆောင်ရွက်နိုင်မယ်လို့ သူတို့ကပြောတယ်။စောစောပြီးလေ ပြည်သူတွေ ပိုပြီးတော့ အသုံးပြုလို့ရမယ်။အဲ့ဒါနဲ့ ဆက်စပ်ပြီးတော့ ဟိုဘက်မှာ လမ်းတွေလည်း ဆက်ပြီးတော့ ခင်းသင့်တာရှိတယ်။ဒါတွေအတွက် ကျွန်တော် တို့ဘက်က ပြည်ထောင်စုမှာလည်း ဆက်လက်ဆွေးနွေးပေးရမယ့်အရာတွေရှိတယ်” ဟု ဧရာဝတီ တိုင်းဒေသကြီးမဲ ဆန္ဒနယ်အမှတ်(၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးက ပြောသည်။

ပုသိမ်မြို့၊အမှတ်-၂တံတားကို ၂၀၁၈-၁၉ခုနှစ် ဘက်ဂျက်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊တံတားတည် ဆောက်ရေးအဖွဲ့၄၊တံတားအထူးအဖွဲ့- ၁၆မှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၁၈-၁၉ခုနှစ် ဘက်ဂျက်တွင်တည်ဆောက်ရေးလုပ်ငန်းများ ၂၅ ရာခိုင်နှုန်းပြီးစီးခဲ့ပြီး ၂၀၁၉-၂၀ ခုနှစ် ဘတ်ဂျက် အတွင်း တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူရေးလုပ်ငန်းများကို ပြုလုပ်တော့မည်ဟု သိရသည်။

May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...