ဗီရာကို အနိုင်ရခဲ့ပြီးနောက် ပရိသတ်တွေကို တိုက်တွန်းပြောဆိုမှုတစ်ခု ပြုလုပ်သွားတဲ့ အောင်လအန်ဆန်

ဗီရာကို အနိုင်ရခဲ့ပြီးနောက် ပရိသတ်တွေကို တိုက်တွန်းပြောဆိုမှုတစ်ခု ပြုလုပ်သွားတဲ့ အောင်လအန်ဆန်
 Photos: Aung La Nsang(Burmese Python)/Facebook
Photos: Aung La Nsang(Burmese Python)/Facebook

ONE Championship ရဲ့ ရာပြည့်အထိမ်းအမှတ် One Century ပြိုင်ပွဲရဲ့ အဓိကခေါင်ပွဲမှာ ဘရန်ဒန်ဗီရာကို အနိုင်ယူခဲ့တဲ့ အောင်လအန်ဆန်က မိမိကိုယ်နဲ့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာကို ကောင်းသထက် ကောင်းအောင် အမြဲတမ်းကြိုးစားရအောင်လို့ ပရိသတ်တွေကို ပွဲအပြီး လူမှုကွန်ရက်ပေါ်ကနေ တိုက်တွန်းလိုက်ပါတယ်။

One Century ပြိုင်ပွဲမှာ တွဲဆိုင်း ၂၂ ဆိုင်းအထိပါဝင်ခဲ့လို့ ပထမပိုင်းနဲ့ ဒုတိယပိုင်းခွဲကာ ကျင်းပခဲ့တာဖြစ်ပြီး ဂျပန်ရောက်မြန်မာတွေကလည်း လာရောက်အားပေးခဲ့ကြတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်က တိုကျိုမြို့မှာပဲ ကျင်းပခဲ့တဲ့ လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲမှာ ချန်ပီယံ အောင်အန်ဆန်က ဂျပန်ဖိုက်တာ ကန်ဟက်ဆီဂါဝါကို အနိုင်ယူပြီးတဲ့အချိန်မှာ အသက် ၄၁ နှစ်အရွယ် ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဘရန်ဒန်ဗီရာဟာ စင်ပေါ်တက်ပြီး အောင်လနဲ့ ထိုးသတ်ဖို့ စိန်ခေါ်ခဲ့ပါတယ်။

ဒါပေမယ့် အောင်လအန်ဆန်ရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံဆုကို စိန်ခေါ်သူ ဖိလစ်ပိုင်-အမေရိကန်ဖိုက်တာ ဘန်ဒန်ဗီရာမှာ တကယ်ယှဉ်ပြိုင်ထိုးသတ်တဲ့အခါမှာ ဒုတိယအချီ ၃ မိနစ် ၂၃ စက္ကန့်မှာ ဒိုင်ပွဲရပ်နဲ့ အောင်လအန်ဆန်ကို အရှုံးပေးခဲ့ရပါတယ်။

April 21, 2026
ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ငါးနှစ်တာသက်တမ်း...
April 20, 2026
ပါခွီး — ဖက်ဒရယ်ဒီမိုကရေးစီရေးအတွက် မတရားဖမ်းဆီး၊ အကျဥ်းကျခံနေရသော ခေါင်းဆောင်များ...
April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...