ဖွဲ့စည်းပုံပြင်ဆင်ရေး အစွန်းမရောက်ရန် လိုအပ်ကြောင်း RCSS ခေါင်းဆောင်သတိပေး

ဖွဲ့စည်းပုံပြင်ဆင်ရေး အစွန်းမရောက်ရန် လိုအပ်ကြောင်း RCSS ခေါင်းဆောင်သတိပေး
ဓာတ်ပုံ - NCA-S EAO
ဓာတ်ပုံ - NCA-S EAO

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အစွန်းမရောက်ဘဲ သတိထား လုပ်ဆောင်ရန် လိုအပ်ကြောင်း RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က သတိပေးပြောဆိုလိုက်သည်။

အောက်တိုဘာ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်နေသည့် အပစ်ရပ်စာချုပ် သဘောတူ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေး၌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်တွင်း ဆောင်ရွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ေရးနဲ့ NCA လမ်းကြောင်းအရ မိမိတို့ ဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ေရးတို့ဟာ လိုက်လျောညီထွေ သဟဇာတ ဖြစ်ဖို့ လိုအပ်ပါတယ်။ အစွန်းမရောက်ဘဲ မလျှော့မတင်း စောင်းကြိုးညှင်းလို သတိထားဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပြည်သူလူထု၏ သဘောဆန္ဒကို ဦးထိပ်ထားပြီးဆောင်ရွက် သင့်ကြောင်း ၊ ပြည်သူလူထု၏ ထောက်ခံအားပေးမှုက လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

“ပြည်သူ့ဆန္ဒတွေကို အလေးထားရပါမယ်။ ဦးထိပ်ထားရပါမယ်။ အကောင်အထည်ဖော်ရပါမယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောဆိုခဲ့သည်။

အပစ်ရပ်စာချုပ် သဘောတူ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အောက်တိုဘာ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...