ပလက်ဝမြို့အနီး ပေါက်ကွဲမှု တပ်မတော်သား (၂) ဦး ဒဏ်ရာရဟု ဆို

ပလက်ဝမြို့အနီး ပေါက်ကွဲမှု တပ်မတော်သား (၂) ဦး ဒဏ်ရာရဟု ဆို

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့အရှေ့ဘက်ကမ်း ပလက်ချောင်းဒေသတွင် အောက်တိုဘာလ ၄ ရက်နေ့နံနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး တပ်မတော်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိသည်ဟု ပလက်ဝမြို့ခံများ၏ ပြောပြချက်အရသိရသည်။

အဆိုပါပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသည် ပလက်ဝမြို့ပေါ်မှ ကိုက် (၂၀၀) ခန့်ဝေးသော ကုလားတန်မြစ်တစ်ဖက်ကမ်း အောင်စေတီဘုရားအနီးဟုသိရပြီး ၂၈၉ တပ်ရင်းမှ တပ်သားများစစ်ကြောင်းထွက်သည့်လမ်းကြောင်းဖြစ်သည်ဟု သိရသည်။

“ပေါက်ကွဲတဲ့အသံကတော့ တော်တော်ကျယ်တယ် ပလက်ဝတစ်မြို့လုံးထိပ်လန့်ကုန်တယ်၊ အဲဒီမှာ ထောင်ထားတာနေမှာပေါ့ နည်းနည်းကြိုပြီးမှ သတင်းရထားလို့ လမ်းကြောင်းကလည်း ဒီဖက်မှာတက်လာတဲ့ စစ်ကြောင်းတွေရှိတာကိုး အဲဒီလမ်းကြောင်းမှာ အဲဒါကြောင့် AA ထောင်ထားတာလို့ တပ်ကတော့ အဲလိုတော့ပြောထားတယ် လက်နက်ကြီးတော့ မဟုတ်ပါဘူး မိုင်းပေါက်ကွဲတာ

” ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။

ယခုဖြစ်စဉ်ကြောင့်တပ်မတော် ၂ ဦးထိခိုက်ဒဏ်ရာရသည်ဟု ဒေသခံတစ်ချိူ့ကပြောဆိုသော်လည်း ခိုနူမ်းသုန်သတင်းဌာနနေဖြင့် သီးခြားအတည်ပြုချက်တော့မရနိုင်ခဲ့ပေ။

ပလက်ဝမြို့နယ်သည် ရက္ခိုင့်တပ်မတော်(အေအေ) နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည့်ဒေသဖြစ်ပြီး ယခင်ကဖြစ်ပွားသည့် တိုက်ပွဲများသည် မြို့ပေါ်နှင့်အလှမ်းဝေးကွာလေ့ရှိသော်လည်း ယခုပေါက်ပွဲမှုဖြစ်စဉ်သည် မြို့နှင့် အလွန်နီးကပ်သည့်အတွက် မြို့ခံပြည်သူများလည်း တိုက်ပွဲဆက်လက်ပြင်းထန်မည်ကို စိုးရမ်နေကြသည်။

ယခုပေါက်ကွဲမှုဖြစ်စဉ်သည် (အေအေ)တပ်ဖွဲ့၏ လက်ချက်ဖြစ်သည်ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောဆိုကြောင်း VOA မြန်မာပိုင်းမှာရေးသားထားသည်။

ရက္ခိုင့်တပ်တော်(အေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ခိုနူမ်းသုန်သတင်းဌာနမှ

အတည်ပြုချက်ရယူရန် ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...