သယံဇာတမှီခိုမှုကင်းသော မြို့ပြစီးပွားရေးစနစ်အတွက် ဆွေးနွေး

သယံဇာတမှီခိုမှုကင်းသော မြို့ပြစီးပွားရေးစနစ်အတွက် ဆွေးနွေး
City Park Royal တွင်ဆွေးနွေးနေစဉ်
City Park Royal တွင်ဆွေးနွေးနေစဉ်

ကချင် လူငယ်များအနေဖြင့် သဘာဝသယံဇာတအပေါ်အမှီအခိုကင်းပြီး မြို့ပြစီပွားရေးလုပ်ငန်းများအဖြင့် ရေရှည် ရပ်တည်သွားနိုင်ရန် အသိပညာပေးသည့် ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့တွင်၂ရက်သာ ပြုလုပ်ခဲ့သည်။

City Park Royal တွင်ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲတွင် သဘာဝသယံဇာတကြောင့် လူငယ်များ၏ အနာဂတ်များ ပျောက်ဆုံးနေကြောင်း Kachin Democratic Institute (KDI) မှ ဒေါက်တာခန်နော် ယခုလို ပြောပါသည်။

“အဓိကပြောချင်တာက လူငယ်တွေအနေနဲ့ သယံဇာတကို မှီခိုတတ်သွားတဲ့အတွက် မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်တွေ ဖြစ်သွားကြတယ်။ နောက်ပညာရေးပိုင်းကို အာရုံ မစိုက်နိုင်ကြဘူး။ ပြီးရင်သူတို့ရဲ့ အနာဂတ်တွေ ပျောက်ဆုံးနေသလို ကင်းမဲ့နေတယ်။ ဒါက ဝမ်းနည်းစရာတစ်ခုဖြစ်သလို အနာဂတ် အတွက် စိုးရိမ်စရာတစ်ခုလည်းဖြစ်တယ်”ဟု ပြောဆိုသည်။

လက်ရှိပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များကြုံတွေ့နေရသော အခက်အခဲစိန်ခေါ်မှုများအပါဝင် မြို့ပြကို အခြေခံသည့် စီးပွားရေးလုပ်ငန်းပိုင်းတွင် လူငယ်များပိုမိုစိတ်ဝင်စားမှုရှိလာရန် အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

သယံဇာတပေါ်မှီခိုနေသဖြင့် လူ့စွမ်းအားအရင်းမြစ်ကိုအခြေခံသည့် တီထွင်ကြံဆမှုများ နည်းပါးနေကြောင်း ဆွေးနွေးပွဲတက်ရောက်သူ ကိုဂျန့်ခုန့်က ယခုလိုပြောပါသည်။

“ပညာရပ်ပိုင်းဆိုင်တဲ့ လူ့အရင်းအမြစ်လူတွေက တီထွင်ကြံဆမှုပြုလုပ်မှသာ မြို့ပြ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်။ ဒါမှ လူငယ်တွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာမယ် ဖြစ်တယ်” ဟုပြောဆိုခဲ့သည်။

သက်ဆိုင်ရာအစိုးရ တာဝန်ရှိသူများအနေဖြင့်လည်း ဒေသခံပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်း ပိုမိုကောင်းမွန်ရန် လုပ်ဆောင်ပေးသင့်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

၎င်း ဆွေးနွေးပွဲကို ပျိုးဖောင်ဒေရှင်းအဖွဲ့ နှင့် KDI တာဝန်ယူ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူငယ်များ စုစုပေါင်း ၂၀၀ ခန့် ပါဝင်ခဲ့သည်ကို တွေ့ရပါသည်။

ကချင်ပြည်နယ်တွင်း ကမ္ဘာ့အဖိုးတန် ကျောက်စိမ်း ၊ ပယင်း နှင့် ရွှေများ ထွက်ရှိရာ မှော်ဒေသများတွင် လူငယ်အများအပြား သွားရောက် အလုပ်လုပ်ကိုင်နေသည်ကို တွေ့ရပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...