ကချင်စစ်ရှောင်စခန်းမှ မသန်စွမ်းသူများ၏ လက်မှုထုတ်ကုန် ဈေးကွက် မတင်ပို့နိုင်သေး

ကချင်စစ်ရှောင်စခန်းမှ မသန်စွမ်းသူများ၏ လက်မှုထုတ်ကုန် ဈေးကွက် မတင်ပို့နိုင်သေး

ကချင် စစ်ရှောင်စခန်းမှ မသန်စွမ်းသူများဝင်ငွေရရှိရေး လက်မှုလုပ်ငန်းများကိုယ်တိုင် လုပ်ကိုင်နေသော်လည်း အခက်အခဲများ ရှိနေဆဲဟု သိရသည်။

မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်စစ်ရှောင်စခန်းမှ မသန်စွမ်းသူများ စုပေါင်း၍ အိမ်သုံး ပန်းတိုင် ဆပ်ပြာရည် ထုတ်လုပ်နိုင်ပြီဖြစ်သော်လည်း ကုန်ကြမ်းမှာယူရန်နှင့် ထုတ်ကုန်များကို ဈေးကွက်ထိ တင်ပို့ ရောင်းချနိုင်ရန် အခက်အခဲများ ကြုံတွေ့နေရသည်ဟု သိရပါသည်။

အဆိုပါ မသန်စွမ်းသူများအဖွဲ့ကို ဦးဆောင်နေသူ ဒေါ်ခေါန်နန်က “ဒီဆပ်ပြာကို ကျမတို့ မသန်စွမ်းတဲ့ အမျိုးသမီး ၃ ယောက်၊ ယောကျ်ား ၃ယောက်နဲ့ အတူပေါင်းလုပ်တယ်။ ကျမတို့ မသန်စွမ်းတွေမှာ နာတာရှည်၊ အသက်ကြီးတဲ့သူတွေရော ရှိတယ်။ ကုန်ကြမ်းမှာ တာက ရန်ကုန်ဘက်ကို မှာရတာဆိုတော့ အချိန်ကြာပြီး ပြန်စောင့်နေရတဲ့ ခက်ခဲမှုတွေ ရှိတယ်” ဟု ပြောသည်။

မသန်စွမ်း စစ်ရှောင်အမျိုးသမီးများ၏ အိမ်တွင်း ဆပ်ပြာရည် ထုတ်ကုန်များကို ဈေးကွက်အတွင်း မတင်ပို့နိုင်သေးသောကြောင့် ဂျန်မိုင်ကောင် ရပ်ကွက်ဈေးဆိုင်များတွင်သာ ပလိုင်းဖြင့်သယ်ကာ လှည့်လည်ရောင်းချ နေကြရသည်ဟု ပြောပါသည်။

လွန်ခဲ့သည့် ဇွန်လအတွင်း KBC အသင်းတော် မသန်စွမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဆပ်ပြာရည်ထုတ်လုပ်နည်း သင်တန်းကို ပေးခဲ့သည်ဟု သိရပါသည်။ ထို့နောက် ၄ လ အတွင်း ဈေးဆိုင်ငယ်များသို့ ရောင်းချနိုင်ပြီ ဟု ပြောပါသည်။

စစ်ရှောင်စခန်းများတွင် နေထိုင်သော အမျိုးသမီးများနှင့် မသန်စွမ်းသူများအား အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ လုပ်နိုင်ရန်အတွက် ဘာသာရေး အဖွဲ့အစည်းများ နှင့် လူမှုအဖွဲ့အစည်းများ သင်တန်းများပေးကာ ကူညီပေးလျှက်ရှိကြောင်း သိရသည်။

KBC လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေးဌာနမှ တွဲဖက်တာဝန်ခံ ဒေါ်ထုဆမ်ကတော့ “အခက်အခဲ က သင်တန်းပြီးသွားတဲ့အခါမှာ လိုအပ်တာတွေထောက်ပံ့မှု မပေးနိုင်ဘူး။ သူတို့ကိုယ်တိုင် လုပ်နိုင် အောင် အထောက်ပံ့ မပေးနိုင်ဘူး။ ပြီးတော့ ဈေးကွက်ရောက်အောင် ပို့ဖို့ လုပ်ဆောင်ပေးဖို့ တော်တော်လေး ခက်ခဲနေသေးတယ်။ ဈေးကွက်ထဲကို ရောင်းချနိုင်တဲ့ထိ လုပ်ဆောင်နိုင်ဖို့လည်း ကြိုးစားနေပါသေးတယ်။” ဟု ပြောသည်။

စစ်ရှောင်စခန်းမှ အမျိုးသမီးများ ထုတ်လုပ်သော လက်မှုထုတ်ကုန်များကို တစ်နိုင်ငံလုံး ဈေးကွက်သို့ ရောက်ရှိရန် သုတေသနပြုလုပ်နေပြီး ချိတ်ဆက်ရောင်းချမှုများ လုပ်နိုင်ရန်လည်း လုပ်ဆောင်နေသည်ဟု ဒေါ်ထုဆမ်က ဆက်လက်ပြောဆိုပါသည်။

အစိုးရအနေဖြင့် IDP များ၏ အခက်အခဲများအား ကူညီဖြေရှင်းပေးမှုအားနည်းနေဆဲဖြစ်သောကြောင့် အလေးပေးဆောင်ရွက်ပေးရန် မျော်လင့်ကြောင်း Kachin Women Association မှ ဒေါ်လယန်ဆိုင်းနန် ကဆိုသည်။

ကြာရှည်နေဆဲ ကချင်ပြည်တွင်းစစ်ကြောင့် ဒုက္ခသည် ၁ သိန်းခန့်သည် အစိုးရထိန်းချုပ်နယ်မြေ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ စစ်ပြေးဒုက္ခသည်စခန်းများတွင် ခိုလှုံနေရပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...