ကချင်စစ်ရှောင်အရေးလှုပ်ရှားသူ မဆိုင်းနူးပန် ရက်စေ့သဖြင့် လွတ်မြောက်လာ

ကချင်စစ်ရှောင်အရေးလှုပ်ရှားသူ မဆိုင်းနူးပန် ရက်စေ့သဖြင့် လွတ်မြောက်လာ

ကချင်စစ်ရှောင်အရေး တေးသရုပ်ဖော်မှုကြောင့် ထောင်ဒဏ် ၁၅ ရက်ချခံရသော မဆိုင်းနူးပန်သည် လွတ်ရက်စေ့သဖြင့် ယနေ့ မနက် ၆ နာရီတွင် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီ ဖြစ်ပါသည်။

အဆိုပါ တေးသရုပ်ဖော်မှုကြောင့် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲခံရသော မဆိုင်းနူးပန်နှင့် ကိုပေါလုတို့ ၂ ဦးကို စက်တင်ဘာ ၂ ရက်နေ့ မြစ်ကြီးနားမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၁၅ ရက် အမိန့်ချခဲ့ခြင်း ဖြစ်ပါသည်။

“ကျမတို့ရဲ့စစ်ဘေးရှောင်ပြည်သူတွေရဲ့စစ်ဘေးအတွင်း ခက်ခဲကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို တင်ဆက်ပြမှုကြောင့် ဖြစ်လာမို့ အပြစ်ရှိတယ်လို့ မခံယူပါဘူး။ အပြစ်မရှိတဲ့အတွက် ငွေဒဏ်မဆောင်ခဲ့ပါဘူး။” ဟု မ ဆိုင်းနူးပန် ယနေ့ မနက်တွင် ပြောဆိုသွားပါသည်။

၎င်းတို့ ၂ ဦးကို အပြစ်ရှိကြောင်း ဝန်ခံလျှင် ငွေဒဏ် ၃ သောင်း ၊ ငြင်းဆိုလျှင် ထောင်ဒဏ် ၁၅ ရက် အဖြစ်ရွေးချယ်ခွင့်ပြုရာ အပြစ်မရှိကြောင်းကိုသာ ရွေးချယ်ခဲ့ကြပါသည်။

ထို့နောက် တရားစီရင်သည့်နေ့တွင် တရားသူကြီးကို ချိန်ခွင်ပျက်ပေးခဲ့သည့် ကိုပေါလုကို ထောင်ဒဏ် ၁၅ ရက်အပြင် နောက်ထပ် ၃ လ ထပ်မံ ကျခံစေခဲ့ပါသည်။

“ကျမတို့ကို အကျဉ်းချထောင်ချလို့ပဲ ရရင်ရမယ်။ ခံယူချက်၊ ရပ်တည်ချက်၊ လုပ်ဆောင်ချက် ဘယ်တော့မှ ထောင်ချ အကျဉ်းချလို့ မရဘူးလို့ ဆက်ပြောချင်တယ်” မဆိုင်းနူးပန်က ပြောဆိုခဲ့ပါသည်။

မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး မင်းသန့်ဇော် မှ တရားလိုပြုကာ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲခဲ့သောဤအမှုကို ၎င်းတို့ ၂ ဦးမှ ၃ လကြာ အပြစ်မရှိကြောင်း ထုချေခဲ့ပြီးနောက် ထောင်ဒဏ် ၁၅ ရက် ချမှတ်ခံ ခဲ့ရခြင်း ဖြစ်ပါသည်။

ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...
August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...