ကန်ပက်လက်မြို့နယ်တွင် တည်ဆောက်နေသည့် လုပ်ငန်းများ အချိန်မှီမပြီးနိုင်ခြင်းနှင့် အရည်အ သွေး မပြည့်မီနိုင်ခြင်းမှာ တင်တာခေါ်ယူစိစစ်ချိန် ကြာမြှင့်လွန်းပြီး အဂတိလိုက်စားမှု များနေခြင်း ကြောင့်ဟု ကန်ပက်လက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သည်။
ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက “တည်ဆောက်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အချိန်မှီမပြီးစီးမှုတွေ အရည်အသွေးမပြည့်မှီတာတွေရဲ့ အကြောင်းရင်းတွေမှာ တင်ဒါစိစစ်ရွေးချယ်တဲ့ကာလ နောက်ကျခြင်းဟာ အဓိကအချက်ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေမဖြစ်ဖို့ တင်တာခေါ်ယူ စိစစ်တဲ့လုပ်ငန်းကို သုံးလအတွင်း ပြီးနိုင်ဖို့လိုအပ်တာဖြစ်ပါတယ်။ နောက်ပြီး တင်ဒါကာလ ကြာလေလေ အဂတိလိုက်စားမှု ပိုများလေလေဆိုတာတော့ သတိမူဖို့လည်း လိုအပ်ပါတယ်”ဟုလွှတ်တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သည်။
ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အချိန်မှီမပြီးနိုင်ခြင်းနင့် အရည်အသွေးမပြီးစီး နိုင်ခြင်းများမှာ ဝန်ကြီးဌာနအချို့မှ တင်တာလုပ်ငန်းနှင့် ပက်သက်ပြီး လုပ်ထုံးလုပ်နည်းကို ဝန်ကြီးဌာနအချို့မှ လိုက်နာခြင်းမရှိခြင်းကြောင့် ဟုလည်း တင်ပြဆွေးနွေးခဲ့သည်။
သူကဆက်ပြီး “လက်ရှိအခြေနေမှာ တခြားပြည်နယ်နဲ့တိုင်းတွေမှာ ဝန်ကြီးဌာနအချို့က ၁/၂၀၁၇ သမ္မတရုံး ညွှန်ကြားတဲ့ တင်ဒါလုပ်ထုံးလုပ်နည်းတွေကို လိုက်နာဆောင်ရွက်မှုတွေမရှိတာတွေကို တွေ့နေရသည်။ ၁/၂၀၁၇ သမ္မတရုံး ညွှန်ကြားတဲ့ တင်ဒါလုပ်ထုံးလုပ်နည်းတွေကို မလိုက်နာရင်လည်း ရလားလို့ မေးခွန်းထုတ်စရာပါ”ဟုပြောသည်။
လက်ရှိကန်ပက်လက်မြို့နယ်တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေ (၆၂၅)သန်းဖြင့် တည်ဆောက်နေသော နယ်စပ်ဒေသဖွံ့ဖြိုးရေးတံတားမှာလည်း ဘဏ္ဍာရေးနှစ် ကုန်ဆုံးသော်လည်း ပြီးစီးနိုင်ရန်မှာပင် မသေချာကြောင်းနှင့် ကန်ပက်လက် ကုတင်ငါးဆယ်ဆန့် လူနာဆောင်နှင့် ဝန်ထမ်းအိမ်ယာများမှာလည်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်သေးခြင်းမရှိသေးကြောင်းလည်း သိရှိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက “ မုန်းချောင်းကူးတံတားကို ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်ရန်ပုံငွေ လျာထားတင်ပြထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မှေးချောင်းကူးတံတားကို ၂၀၂၀-၂၁ ဘဏ္ဍာနှစ်နောက်ပိုင်း ကာလများတွင် ရန်ပုံငွေ ထည့်သွင်းလျာထားတင်ပြသွားမည်ဖြစ်ကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး ဒေါက်တာစိုးမိုးသူ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်သည့် ဘဏ္ဍာရေးနှစ်အတွင်း စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပြီးစီးနိုင်ရေး တိုက်တွန်းသည့် အဆိုကို ထောက်ခံဆွေးနွေးရာတွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။







