ကျိုင်းတုံဆွေးနွေးပွဲ တက်၊ မတက် မြောက်ပိုင်းအဖွဲ့များဘက်မှ မဆုံးဖြတ်ရသေး

ကျိုင်းတုံဆွေးနွေးပွဲ တက်၊ မတက် မြောက်ပိုင်းအဖွဲ့များဘက်မှ မဆုံးဖြတ်ရသေး

မြောက်ပိုင်းလေးဖွဲ့( KIA၊ TNLA၊ MNDAA၊ AA ) မှ ကိုယ်စားလှယ်များနှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ထပ်မံတွေ့ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် ငြိမ်းချမ်းရေးကော်မရှင်မှ ဖိတ်ကြားထားသော်လည်း တက်၊မတက် မဆုံးဖြတ်ရသေးကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

“ကျွန်တော်တို့ ဖိတ်စာတော့ လက်ခံရရှိထားပါတယ်။ တစ်ခုတော့ ရှိတာပေါ့၊ ကျိုင်းတုံဆွေးနွေးပွဲကို တက်၊ မတက်ကတော့ ကျွန်တော်တို့ မဆုံးဖြတ်ရသေးဘူး” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောသည်။

စက်တင်ဘာလ ၉ ရက်နေ့က ငြိမ်းချမ်းရေးကော်မရှင်မှ ဖိတ်ကြားထားခြင်းဖြစ်ပြီး အစည်းအဝေး တက်ရောက်ရန် လာရောက်မည့် ခရီးစဉ်တွင် မိုင်းလား - ကျိုင်းတုံ ယာဉ်တန်းလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေး နှင့် လုံခြုံရေးဆိုင်ရာကိစ္စအဝဝကို အပြည့်အဝတာဝန်ယူကြောင်းလည်း ပါရှိသည်။

ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် မြောက်ပိုင်း လေးဖွဲ့ကိုယ်စားလှယ်များ ပါဝင်မည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို လာမည့် စက်တင်ဘာလ (၁၆၊ ၁၇) ရက်နေ့တွင် ကျိုင်းတုံမြို့၊ ကျိုင်းတုံဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက် ကိုင်လေးဖွဲ့ဖြစ်သည့် KIA၊ TNLA၊ MNDAA၊ AA တို့နှင့် သြဂုတ် ၃၁ ရက်နေ့ကလည်း ကျိုင်းတုံမြို့၌ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသေးသည်။

“ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာ ကျွန်တော်တို့ဘက်က မိုင်းလား ၊ ပန်ဆန်း ဒါမှမဟုတ် တရုတ်နိုင်ငံထဲက မြို့တစ်ခုခုပေါ့ နော်။ အဲ့ဒါ အဆိုပြုထားတယ်။ နောက်တစ်ချက်က တပ်မတော်ကကိုယ်စားလှယ် တက်ရောက်ပေးဖို့ အဆိုပြု ထားတယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက်ပြောသည်။

မြောက်ပိုင်းမဟာမိတ် ညီနောင် သုံးဖွဲ့ဖြစ်သည့် ကိုးကန့် (MNTJP/MNDAA)၊ တအောင်း (PSLF/TNLA)၊ ရခိုင် (ULA/AA) တို့သည့် စစ်ပွဲရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းများ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန်အတွက်ဟု ဆိုကာ စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၉ ရက်နေ့အထိ တစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်ဆိုင်းထားကြောင်း စက်တင်ဘာ ၉ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်မှ စတင်သော ရှမ်းပြည်နယ် မြောက်ပိုင်း တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ဒေသခံများ နေရပ်စွန့်ခွာကာ စစ်ရှောင်နေရသူ အများအပြား ရှိနေခဲ့သည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...