ဟားခါးမြို့တွင် ပြည်သူပိုင်အလွဲသုံးစားမှုဖြင့် အမျိုးသမီးတဦးအပါအဝင် လူ (၆) ဦးအား ဖမ်းဆီးထိန်းသိမ်း

ဟားခါးမြို့တွင် ပြည်သူပိုင်အလွဲသုံးစားမှုဖြင့် အမျိုးသမီးတဦးအပါအဝင် လူ (၆) ဦးအား ဖမ်းဆီးထိန်းသိမ်း

 ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြည်သူပိုင်အလွဲသုံးမှုဖြင့် အမျိုးသမီးအပါအဝင် လူ (၆) ဦးအား ဒေသခံရဲတပ်ဖွဲ့က ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။

ဖမ်းဆီးခံရသူများသည် Pu Zung Mang (၆၀) နှစ်၊ Pu Bawi Awr (၅၄) နှစ်၊ Pu Chan Thleng (၆၀) နှစ်၊ Rev. Dr Hrang Kil (၅၈) နှစ်၊ Pu Hmet Al (၇၄) နှစ်နှင့် Pi Ngun Par (၅၂) နှစ်တို့ဖြစ်ကြပြီး ၎င်းတို့ကို ယမန်နေ့ (တနင်္ဂနွေနေ) နေ့မှစ၍ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ကို တရားဥပဒေအရ (၂၄) နာရီဘဲ ထိန်းသိမ်းခွင့်ရှိတော့ အမှုစစ်တဲ့လုပ်ငန်းက ဒီနေ့ကနေစတင်လုပ်ဆောင်မှာ ဖြစ်တယ်၊ တရားခံနှင့် တရားခံဖက်က လူတော်တော်များများ စစ်ဆေးရမှာ ဆိုတော့ အချိန်တော့ ယူရလိမ့်မယ်၊ တစ်လအတွင်း အမှုပြီးအောင်တော့ ဆောင်ရွက်ရလိမ့်မယ်” ဟု ဟားခါးမြို့မရဲစခန်း၊ စခန်းမှူး ဦးသိန်းဇော်ဦးက ခိုနုမ်းသုန်သတင်းဌာနကို ပြောပြခဲ့သည်။

ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းရခြင်းသည် ပြည်နယ်အစိုးရက ဟားခါးမြို့ တိုးချဲ့မည့် စီမံကိန်းဧရိယာတွင် မြေကွက်အရောင်းအဝယ်ပြုလုပ်ခဲ့ကြောင်း ယူဆသူများကို ဖမ်းဆီးခြင်းဖြစ်သည်။

ယင်းနယ်မြေ၌ အစိုးရက ၂၀၁၉ ခုနှစ် သြဂုတ်လ (၂၀) ရက်နေ့တွင် တရားမဝင်ကျူးကျော်ခြင်းဖြစ်သည်ဟုဆိုကာ အိမ်ခြေ (၁၂၀) ကျော် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယခုရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပုဂ္ဂိုလ်များအနက် Pu Zung Mang, Pu Bawi Awr, Pu Hmet Al နှင့် Rev. Dr Hrang Kil တို့ (၄) ဦးတို့သည် နာမကျန်းဖြစ်နေသည့်အတွက် ၎င်းတို့၏ မိသားစုဝင်များမှ ၎င်းတို့၏ ကျမ်းမာရေးအခြေအနေအတွက် စိုးရိမ်ပူပန်နေကြကြောင်းလည်း သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...