ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အပေါ် ပုဒ်မ၅၀၅(က)ဖြင့် တရားစွဲဆိုမှု လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့အပေါ် ပုဒ်မ၅၀၅(က)ဖြင့် တရားစွဲဆိုမှု လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

တပ်မတော်က တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်(၅)ဦးအမှုတွင် ၆၆(ဃ)မှတရားလိုကို စတင်စစ်ဆေးနေပြီး ၅၀၅(က)အမှု လာမည့်ရုံးချိန်းတွင် စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်(၅)ဦးကို စက်တင်ဘာ၄ ရက်က မရမ်းကုန်းမြို့နယ်တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့သည်။

"ဒီနေ့ မူလတရားစွဲဆိုထားတဲ့ ၅၀၅(က)အမှုကို ဆရာမတို့ဘက်က စွဲချက်လျှောက်လဲချက်ပေးတယ်။ ၁၂ရက် နေ့မှာ စွဲချက်တင်သင့်မတင်သင့် အမိန့်ချမယ်။ ၆၆(ဃ)ကတော့ ပြီးခဲ့တဲ့အပါတ်က တရားစွဲတင်တယ်။ ဒီနေ့ တရားလို စစစ်တယ်။ တရားလိုကတော့ ပထမသတင်းပေးတိုင်ကြားချက်မှာ တင်ပြထားတဲ့ အကြောင်းအရာ တွေနဲ့ ပြည့်ပြည့်စုံစုံ ထွက်ဆိုသွားတယ်။ နောက်ပြီး ရှာဖွေပုံစံမှာသူအပ်ထားတဲ့ သက်သေခံစာရွတ်စာတမ်းတွေ စီဒီခွေတွေ အကုန်သက်သေခံသွင်းတယ်။ ဆရာမတို့ကတော့ မကန့်ကွက်လိုက်ပါဘူး။ ကန့်ကွက်လည်း ပယ်ချ မှာဘဲလေ။ သိပြီးသားပါ”ဟု စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင် ရွက်ပေးနေသည့် တရားလွှတ်တေ်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း၊ ကိုပိုင်ရဲသူ၊ ကိုဖိုးသား၊ မကေခိုင်ထွန်း တို့ကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(က)ဖြင့် တပ်မတော်က တရားစွဲဆိုထားပြီး သြဂုတ်လ (၂၈) ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့် ထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါရုံးချိန်းတွင် ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့်အမှုမှ တရားလိုပြသက်သေများကို စစ်ဆေး ပြီးစီးခဲ့ပြီး စွဲချက်တင်လျှောက်လဲချက်ပေးခဲ့ကြောင်း၊ လာမည့် ရုံးချိန်းဖြစ်သော စက်တင်ဘာ ၁၂ရက်နေ့တွင် စွဲချက်တင်သင့်၊ မတင်သင့် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

“မကန့်ကွက်ရတဲ့ အကြောင်းအရင်းတစ်ခုကလည်း သူတို့သက်သေခံသွင်းတဲ့ သက် သေခံအထောက်အထား တွေကို ဆရာမတို့အပြန်အလှန်မေးခွန်းတွေ မေးတဲ့နေရာကျရင် IT နည်းပညာတွေမှာ ကွာဟ  နေတာတွေ အများကြီးရှိတယ်။ Facebook က နေထုတ်ထားတဲ့ ကိစ္စတွေပေါ့။ အပြန်အလှန်မေးခွန်း တွေ ကျမှဘဲ ဆရာမ တို့ မေးမယ်။ ကာကွယ်ခုခံရေးလမ်းကြောင်းအတိုင်းဘဲ မေးမယ်။" ဟု ဒေါ်စန်းစန်းမြင့်က ဆက်ပြောသည်။

ထို့ပြင် ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့်အမှုတွင် တရားလိုအား စတင်စစ်ဆေးခဲ့ပြီး တရားလိုဘက်မှ တရားလို အပါအဝင် တရားလိုပြသက်သေ ၉ဦးတင်သွင်းထားကြောင်း၊ တရားလိုပြသက်သေ ငါးဦးမှာ ယခင်တရားစွဲဆို ထားသည့် ၅၀၅(က)အမှုမှ တပ်မတော်အရာရှိ ငါးဦး၊ ရှာဖွေသက်သေ အရပ်သားနှစ်ဦးနှင့် အမှုစစ်ရဲအရာရှိ နှစ်ဦးဖြစ်ကြောင်း သိရသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ သံချပ်ထိုးဖျော်ဖြေခဲ့သော စာသားများတွင် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် အသုံးအနှုန်းများ ပါဝင်သည်ဟုဆိုကာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုပြုလုပ်၍ မရမ်းကုန်းတရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...