လာမည့်ပွင့်လင်းရာသီတွင် ဆူရ်ဘုန်လေယာဉ်ကွင်း၌ လေယာဉ်အသေး စတင်ဆင်းမည်

လာမည့်ပွင့်လင်းရာသီတွင် ဆူရ်ဘုန်လေယာဉ်ကွင်း၌ လေယာဉ်အသေး စတင်ဆင်းမည်

လာမည့်ပွင့်လင်းရာသီတွင် ချင်းပြည်နယ်၏ ပထမဆုံးလေယာဉ်ကွင်းဖြစ်လာမည့် ဆူရ်ဘုန်လေယာဉ်ကွင်းတွင် လေယာဉ်အသေးစား စတင်စမ်းသပ် ဆင်းတော့မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးစိုးထက်ကပြောသည်။

ဝန်ကြီး ဦး စိုးထက်က “ပေ ၂၀၀၀ ပြန်ဆောက်ဖို့တော့ လိုသေးတယ်၊ အဲဒါကို လာမည့် ဘဏ္ဍာနှစ်မှာ သန်း ၈၀၀ လောက်သုံးပြီး ဆက်လုပ်မယ်၊ ပြီးစီးမှု ပေ ၄၀၀၀ အတွင်း အသေးစားလေယာဉ်ကို ကျွန်တော်တို့ စမ်းသပ်တဲ့အနေနဲ့ ဆင်းခိုင်းမယ်၊ စမ်းသပ်ဆင်းဖို့ ပြည်ထောင်စု တာဝန်ရှိသူတွေကလည်း သဘောတူထားတယ်” ဟု ပြောသည်။

လေယာဉ်ကွင်းအတွက်လိုအပ်သည့် လေယာဉ်ကွင်းအဆောက်အဦး (Terminal) နှင့် လေဆိပ်ရုံးများကို လာမည့်အောက်တိုဘာလတွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

ဝန်ကြီး ဦး စိုးထက်က “လက်ရှိအလုပ်နားတာတော့ မဟုတ်ဘူး၊ မိုးတွေများတော့ အလုပ်သိပ်မဖြစ်ဘူး၊ ဘတ်ဂျက်လည်း ဒီနှစ်အတွက် ကုန်သလောက်ဖြစ်နေပြီ၊ ၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျက်အသစ်နဲ့ ဆက်လုပ်မယ်၊ လိုအပ်သေးတဲ့ အဆောက်အဦးနဲ့ ရုံးတွေကို အကုန်လုံးဆောက်မယ်၊ လေယာဉ်ကွင်းအပြီးအစီးကတော့ ၂၀၂၀ အောက်တိုဘာလလောက်မှာ ဖြစ်မယ်” ဟု ပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းသည် ပင်လယ် ရေမျက်နှာပြင်အထက် ပေ၆၀၀၀ အထက်တွင်တည်ရှိပြီး လေယာဉ်ပြေးလမ်းအရှည် ပေ ၆၀၀၀၊ အကျယ် ပေ၁၀၀ ရှိမည်ဖြစ်ကာ ART-72 လေယာဉ်အမျိုးအစား ဆင်းသက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...