ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်စာတင်ခဲ့ကြောင်း သတင်းများထွက်ပေါ်

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက်စာတင်ခဲ့ကြောင်း သတင်းများထွက်ပေါ်
  ဓာတ်ပုံ- EPA-EFE/HEIN HTET
ဓာတ်ပုံ- EPA-EFE/HEIN HTET

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဖြစ်သော ဦးစိုးသိန်းသည် ရာထူးမှနုတ်ထွက်စာ တင်ခဲ့ကြောင်း  စက်တင်ဘာလ (၃) ရက်နေ့ နေ့လယ်ပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဦးစို်းသိန်းထံ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်မေးမြန်းခဲ့သော်လည်း မသိသေး သောကြောင့် ပြောပိုင်ခွင့်မရှိကြောင်း ဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းသည် သြဂုတ်လ ၂၇ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အတွင်း ဖြေဆိုခဲ့သည့်အချက်အလက်အချို့နှင့်ပတ်သက်၍ ဗဟိုဘဏ်၏ မူဝါဒအချို့နှင့်ကွဲလွဲမှု ရှိနေသဖြင့် စက်တင် ဘာလ၂ရက်နေ့ ညနေပိုင်းတွင် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ၏ လွှတ်တော်တွင်း ပြောဆိုချက်သည် ဗဟိုဘဏ်၏ ရပ်တည်ချက် နှင့်အပြည့်အဝ မကိုက်ညီကြောင်း ဗဟိုဘဏ်မှထုတ်ပြန်ခဲ့သည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းသည် မင်းကင်း မဲဆန္ဒနယ်မှ ဦးမြင့်မောင် မေးမြန်းသော “ဗဟိုဘဏ် အနေဖြင့် လုပ်ငန်းရှင်များကို ဖိတ်ကြားတွေ့ဆုံပြီး လက်ရှိ ကြုံတွေ့နေရသည့် အခက်အခဲကို ဖြေရှင်း ကျော်လွှားနိုင်မည့် ညင်သာပျော့ပျောင်းသော Solution  တစ်ခုရရှိအောင် ညှိနှိုင်းရှာဖွေရန် အစီအစဉ်ရှိမရှိ” ဆက်စပ်မေးခွန်းကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါမေးခွန်းအပေါ် ဦးစိုးသိန်းက “လုပ်ငန်းရှင်များအခက်အခဲတွေ့သည်ကို သိရှိသော်လည်း ဘဏ်များမှ ထုတ်ချေးသည့် ငွေကြေးသည် ဘဏ်၏ပိုက်ဆံမဟုတ်ဘဲ ပြည်သူများက အပ်နှံထားသည့် ပြည်သူ့ပိုက်ဆံ ဖြစ်ကြောင်း၊ ယင်းငွေများကို စနစ်တကျ စီမံခန့်ခွဲရန်မှာ ဘဏ်၏ တာဝန်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟို ဘဏ်၏တာဝန်မှာ ဘဏ်များကယင်းငွေကြေးကို စနစ်တကျစီမံခန့်ခွဲမှု ရှိ/မရှိကို ကြီးကြပ် ကွပ်ကဲရမည့် တာဝန် ဖြစ်ကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

ထို့အပြင် ပြည်တွင်းဘဏ်များထံသို့ ချေးငွေပြန်မဆပ်နိုင်သည့် လုပ်ငန်းရှင်များ၏ ပြသနာများကို တတ်နိုင်သ၍  အချိန်ယူကာ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီးဖြစ်သောကြောင့် ထပ်မံ၍  အလျှော့ပေးဆောင်ရွက်ရန် အနေ အထားမရှိ ကြောင်း ဆက်လက်ဖြေကြားခဲ့သည်။

သြဂုတ်လ ၂၇ ရက်နေ့တွင် ထိုသို့ ဖြေကြားခဲ့ပြီးနောက် စက်တင်ဘာလ ၂ရက်နေ့ ညပိုင်းတွင် ဗဟိုဘဏ်မှ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး စက်တင်ဘာလ ၃ ရက်နေ့တွင် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက် သည် ဟူသော သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းသည် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၌ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ဗဟိုဘဏ်၏ ဒုဥက္ကဋ္ဌအဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်ခဲ့သူဖြစ်သည်။

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
March 24, 2026
ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ...
March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...