ယူကလစ်ပင် စိုက်ရန် လွှတ်တော်ဥက္ကဌအပါအဝင်၊ ဝန်ကြီးအချို့နှင့်စည်ပင် ညွှန်မှုးဟောင်းတို့မှ ဘုံဇုံးကျေးရွာအနီး မြေဧက ၁၀၀ ကို ၁၅ နှစ် ငှားရမ်း

ယူကလစ်ပင် စိုက်ရန် လွှတ်တော်ဥက္ကဌအပါအဝင်၊ ဝန်ကြီးအချို့နှင့်စည်ပင် ညွှန်မှုးဟောင်းတို့မှ ဘုံဇုံးကျေးရွာအနီး မြေဧက ၁၀၀ ကို ၁၅ နှစ် ငှားရမ်း

ချင်းပြည်နယ်၊ ဟားခါးခရိုင် ဘုံဇုံးကျေးရွာ အနီးတွင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ်ယူ ကလစ်ပင်များစိုက်ပျိုးရန် မြေဧက ၁၀၀ ကို ချင်းပြည်နယ် လွှတ်တော်ဥက္ကဌအပါအဝင် ဝန်ကြီးအချို့နှင့် ချင်းပြည်နယ် စည်ပင်ညွှန်ကြားရေးမှုးဟောင်းဦးထလာဟရဲတို့မှ ငှားရမ်းထားကြောင်း သိရသည်။

အဆိုပါမြေငှားရမ်းမှုနှင့်ပတ်သက်ပြီး လူမှုကွန်ယက်အချို့တွင် မတရားသိမ်းယူခြင်းဖြစ်ကြောင်း သတင်းပျံ့နှံ့ခဲ့သည်။

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွေးက “တကယ်တော့ ဒါကကျွန်တော်တို့ မတရားယူတာ မဟုတ်ဘူး၊ စစ်အစိုးလက်ထက်က စစ်တပ်ပိုင်သစ်တောပါ၊ သစ်မာတွေကတော့ မရှိတော့ဘူး၊ အဲ့ဒီနေရာ ဧက ၁၀၀ ကိုကျွန်တော်တို့ တရားဝင် တစ်နှစ်ကို ၅၀၀၀၀ အခွန်ဆောင်ထားတယ်၊ ယူကလစ်ပင် ၆၀၀၀၀ စိုက်ထားတယ်၊ အစိုးရကနေ ပုံစံ ၇ ကိုလည်း ရပြီးပြီ”ဟုပြောသည်။

ယခုကဲ့သို့ ယူကလစ်ပင် စိုက်ပျိုးမှုကို ချင်းပြည်နယ်အတွင်း ဝဥကို မြိုင်မြိုင်ဆိုင်ဆိုင် စိုက်ပျိုးကြသကဲ့သို့ စိုက်ပျိုးလျှင် ချင်းပြည်နယ်တွင်းမှာ ရွှေ့ပြောင်းအလုပ်သမား နည်းပါးလာပြီး မိမိဒေသအတွင်း ဝင်ငွေရှာနိုင်မည့် နည်းလမ်းဖြစ်ကြောင်း ဦးဇိုဘွေးကပြောသည်။

ဦးဇိုဘွေးက “ “အခုကျွန်တော်တို့ နိူင်ငံမှာ ယူကလစ်ပင် အဓိကအသုံးပြုတာကတော့ အထပ်သားလုပ်တဲ့နေရာမှာ သုံးတယ်၊ ဥပမာ တောင်ယာလုပ်တဲ့သူက အပင် ၁၀၀ စိုက်ရင် ၁၀ နှစ်ဆိုရင် ဘယ်လောက်ရမှာလဲ၊ ကျွန်တော်တို့ နိူင်ငံခြားသွားစရာလည်း လိုတော့မှာမဟုတ်ဘူး၊ အဲဒါပဲ စိုက်တော့မယ်၊ KNU ဆိုရင်တော့ ထိုင်းကပြန်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အပင် ၁၃ သိန်းစိုက်ပေးတယ်၊ အဲလိုပဲ ကျွန်တော်တို့ကတော့ တစ်ပြည်နယ်လုံးကို ဝါးဥ စိုက်သလိုမျိုး စိုက်စေချင်တယ်၊ တကယ်လို့ သူတို့လိုအပ်ရင် ကွျှန်တော်တို့ဆီ လာပြီး လေ့လာလို့ရတယ်”ဟု ပြောသည်။

သူက ဆက်ပြီး “ကရင်ပြည်နယ်မှာ ဆိုရင်သူတို့စိုက်တာ ကြာနေပြီ၊ ယူကလစ်ပင်က အကြီးတစ်လုံးကို ၁၅၀၀၀၀ ခွဲလောက်ရတယ်၊ အသေးဆိုရင်တော့ အနည်းဆုံး ၅ သောင်းလောက် ရတယ်၊ ဒီ ယူကလစ်ပင် တွေက ၅ နှစ်သက်တမ်းဆိုတော့ ကျွန်တော်တို့ ဒါတကယ်လုပ်ရင်တော့ ကိုယ့်ပြည်နယ်ထဲက ပြောင်းရွှေ့အလုပ်သမားတွေကို အများကြီး အထောက်အကူပြုနိုင်မယ်”ဟု ပြောသည်။

ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ သစ်တောဝန်ကြီးမာန်ဟင်ဒါလ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယို နှင့် ယခင် ချင်းပြည်နယ် စည်ပင်ညွှန်ကြားရေးမှုးဟောင်း ဦးထလာဟရဲတို့မှ အပင်စိုက်ပျိုးမှု နှစ်နှစ်ဝန်းကျင်ရှိပြီဖြစ်ကြောင်းသိရသည်။

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...