မြန်မာစစ်တပ် ရွာထဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကချင်ရွာသား (၅)ဦး သေဆုံး

မြန်မာစစ်တပ် ရွာထဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကချင်ရွာသား (၅)ဦး သေဆုံး

အထက်မြန်မာပြည် ရှမ်းပြည်မြောက်ပိုင်း တိုင်းရင်းသားတော်လှန်ရေးတပ်ပေါင်းစုနှင့် သြဂုတ်လ (၃၁) ရက်နေ့ ဖြစ်ပွားသောတိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်မှ ကျေးရွာထဲ ပစ်ခတ်သော လက်နက်ကြီးကြောင့် ကလေးငယ် (၂)ဦး အပါဝင် ကချင်ရွာသား (၅)ဦး သေဆုံးခဲ့သည်။

မော်ဟိတ်ရွာထဲ ကွတ်ခိုင်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) ၂၄၁ မှ ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီး (၃)လုံး ကျရောက်ပေါက်ကွဲခဲ့စဉ် ရွာသား (၅)ဦး သေဆုံးပြီး အခြား (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ရွာသားများဆိုပါသည်။

ရွာထဲကျရောက်ပေါက်ကွဲသော လက်နက်ကြီးကျည် (၃)လုံးအနက် ၁လုံးမှာ လူနေအိမ်ကို ထိမှန်ခဲ့သဖြင့် (၃)ဦး ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာရရှိသူ ၅ဦးကို ကွတ်ခိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေစဉ် နောက်ထပ် (၂)ဦး သေဆုံးခဲ့ကြောင်း လူသားချင်းစာနာထောက်ထားမှု အဖွဲ့ဝင်မှ ဆရာမ Mai Mai (မိုင်းမိုင်)ထံမှသိရသည်။

အဆိုပါ ကျေးရွာအနီး နံနက်ပိုင်း (၇)နာရီကျော်ခန့်မှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလာချိန် (၁၀)နာရီကျော်ခန့်တွင် လက်နက်ကြီးများ အပြန်အလှန်ပစ်မှု စတင်လာပြီး မြန်မာစစ်တပ်မှ ရွာထဲ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခံခဲ့ခြင်းဖြစ်သည်ဟု ဆရာမ က ဆိုသည်။

လက်နက်ကြီးထိမှန် သေဆုံးသူများမှာ ဒေါ် Htoi Ja (အသက် ၃၅ နှစ်)၊ မ Lu San (အသက် ၁၈နှစ်)၊ မ Nang Mun Pan (အသက် ၁၄ နှစ်)၊ မောင် Zau Hkun Lat (အသက် ၈ နှစ်) နှင့် မ Seng Hkawn (အသက် ၈ လ) တို့ဖြစ်ကြသည်။ ပြင်းထန်စွာ ဒဏ်ရာရှိသွားသော ရွာသား (၃)ဦးမှာ ယခုချိန် ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။

ယခုလို မော်ဟိတ် ကချင်ရွာသားများ လက်နက်ကြီး ထိမှန်သေဆုံး၊ ဒဏ်ရာရမှုနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ညီနောင်မဟာမိတ် (၃)ဖွဲ့ ဟုခေါ်ဆိုသော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ကိုးကန့် MNDAA၊ တအာင်း TNLA နှင့် ရခိုင် AA တို့နှင့် မြန်မာစစ်တပ် ကြား ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ကွတ်ခိုင် နှင့် နမ်ဖတ်ကာ တို့တွင် သြဂုတ်လ (၁၅)ရက်မှစပြီး ပြင်းထန်သည့်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြောင်း ဒေသခံများဆိုပါသည်။

January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...
January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...