ရေနံချောင်းတွင် သက်ငယ်အဓမ္မပြုကျင့်မှု ဖြစ်ပွား

ရေနံချောင်းတွင် သက်ငယ်အဓမ္မပြုကျင့်မှု ဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် မိခင်ဖြစ်သူ၏ နောက်အိမ်ထောင်အမျိုးသားက အသက် လေးနှစ်အရွယ် မိန်းကလေးငယ်ကို ဓမ္မတာနှင့်ဆန့်ကျင်သည့် အဓမ္မပြုကျင့်ခဲ့မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရေနံချောင်းမြို့နယ်တွင် နေထိုင်ပြီး ကျပန်းအလုပ်ကို လုပ်ကိုင်နေသည့်  မ.............(၂၇)နှစ်သည် သြဂုတ် ၃၀ ရက်နေ့၊ နံနက် ခြောက်နာရီအချိန်တွင် ၎င်း၏ နောက်အိမ်ထောင်ဖြစ်သော ကိုညိုတုတ် (ခ) ကျော်နိုင်နှင့်အတူ မြေပဲခင်းတွင် မြေပဲဆွတ်သွားခဲ့သည်။

ထိုသို့ မြေပဲဆွတ်နေစဉ် ကိုညိုတုတ်(ခ)ကျော်နိုင်သည် မွန်းတည့် ၁၂နာရီ အချိန်ခန့်တွင် ကွမ်းယာဝယ်ရန် သွားနေခဲ့ရာ ညနေ လေးနာရီခန့်မှသာ ယာခင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း၊ မ.............က  မသင်္ကာသဖြင့် နေအိမ်တဲသို့ ပြန်ကြည့်ခဲ့ရာ ယခင် အိမ်ထောင်နှင့်မွေးခဲ့သော လေးနှစ်အရွယ် သမီးဖြစ်သူက နာကျင်နေကြောင်းပြောပြခဲ့ရာ စစ်ဆေးကြည့်ပြီးနောက် ယင်းသို့ ကျူးလွန်ခဲ့ကြောင်း သိရှိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မိခင်ဖြစ်သူမ.............(၂၇)နှစ်မှ ကျေးရွာခွဲတာဝန်ခံနှင့် အုပ်စုအုပ်ချုပ်ရေးမှူးတို့ထံမှတဆင့် သြဂုတ်လ ၃ဝရက်နေ့၌ လက်မှတ်ကုန်းနယ်မြေရဲစခန်းတွင် လာရောက် အမှုဖွင့် တိုင်ကြားခဲ့သည်။

ရဲစခန်းမှ ယင်းအမှုကို (ပ)၉၄/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ အရ အမှုရေးဖွင့်ကာ ကိုညိုတုတ် (ခ)ကျော်နိုင်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...