တရုတ်နိုင်ငံသား ၃ ဦးကို ထပ်မံ ပြည်နှင်ဒဏ်ပေး

တရုတ်နိုင်ငံသား ၃ ဦးကို ထပ်မံ ပြည်နှင်ဒဏ်ပေး

ကချင်ပြည်နယ် ဝိုင်းမော်မြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းလုပ်ကိုင်သောကြောင့် လ.ဝ.က ဥပဒေဖြင့် အရေးယူထားသော တရုတ်နိုင်ငံသား ၃ဦးကို သြဂုတ်၂၈ ရက်နေ့ ပြည်နှင်ဒဏ် ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား ၃ဦးကို သြဂုတ်လ ၁၅ရက်နေ့ ဝိုင်းမော်မြို့နယ်တရားရုံးမှ ငွေဒဏ် ၅သိန်းစီချမှတ်ခဲ့ပြီး သြဂုတ်လ ၂၈ရက်နေ့တွင် ပြည်နယ်အစိုးရ၏ ညွန်ကြားချက်ဖြင့် ပြည်နှင်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ် လူဝင်ကြီးကြပ်ရေးဌာနမှ ဆရာအားဆီထံမှ သိရပါသည်။

ဝိုင်းမော်မြို့ ရပ်ကွက် ၃ ‘ရှမ်းနန်’အမည်ရှိ ကားပစ္စည်းရောင်းဝယ်ရေးဆိုင်မှ တရုတ်နိုင်ငံသား အမျိုးသမီး ၁ဦးနှင့် ၎င်းဆိုင်အနီး ကပ်ရပ် သစ်သျှူးငှက်ပျောစိုက်ပျိုးခင်းသုံး ပစ္စည်းရောင်းချပေးနေသောဆိုင်မှ အမျိုးသား ၂ဦး တို့ကို လဝက ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် သြဂုတ်လ(၁၄)ရက်နေ့ ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်ပါသည်။

ထို့အပြင် လွန်ခဲ့ ဇွန်လအတွင်း ပြည်နှင်ဒဏ်ပေးခံရသော်လည်း တရားမဝင်ပြန်လည်ဝင်ရောက်လာသော တရုတ်နိုင်ငံသားတစ်ဦးကိုလည်း သြဂုတ် ၂၇ ရက်နေ့ ငွေဒဏ် ၈ သိန်း ထပ်မံ ချမှတ်လိုက်ကြောင်း သိရပါသည်။

May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...