လူမှုသဟဇာတ မြှင့်တင်ခြင်း စကားဝိုင်း မြစ်ကြီးနားမှာ ပြုလုပ်

လူမှုသဟဇာတ မြှင့်တင်ခြင်း စကားဝိုင်း မြစ်ကြီးနားမှာ ပြုလုပ်

မတူညီတဲ့ လူမျိုးဘာသာအချင်းချင်းကြား လူမှုသဟဇာတ ပိုမိုရှိလာစေရန် “ငြိမ်းချမ်းရေးအတွက် လူမှုသဟဇာတဖြစ်ခြင်းအား မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ မြစ်ကြီးနားမြို့ Cartel Hotel တွင်ပြုလုပ်ခဲ့သည်။

လက်ရှိမြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်နေသည့်အပြင် လူမျိုးအချင်းချင်း မညီမညာ ပဋိပက္ခများ များပြားလာသောကြောင့် အချင်းချင်းသဟဇာတ အားနည်းလာသည့် အပေါ် ပြန်လည် ကုစားနိုင်ရန် စကားဝိုင်း ပြုလုပ်ရခြင်းဖြစ်သည်ဟု Naushawng Development Institute မှတာဝန်ရှိသူ ဆရာမ Kumba Roi Nu ကပြောဆိုသည်။

“အခုနောက်ပိုင်းဆိုရင် လူမျိုးအချင်းချင်းမယုံကြည်မှုတွေ၊ နားလည်မှုတွေ မရှိကြတော့ဘူး။ ပြီးရင် ပဋိပက္ခပိုများလာတယ်။ နိုင်ငံရေးမတည်ငြိမ်မှုတွေ အဲ့ဒါက လူမျိုးအချင်းချင်း သဟဇာတကို အားနည်း စေတယ်။ ဒါကြောင့် သဟဇာတကိုမြင့်တင်ဖို့က အဓိက ဘယ်လိုခက်ခဲနေလဲ။ ဘယ်လိုပြင်ဆင်ရမလဲ။ အချင်းချင်းနားလည်ဖို့လိုအပ်တယ်” ဟု ဆိုသည်။

လူမျိုးဘာသာအချင်းအချင်းကြား သဟဇာတဖြစ်အောင် တည်ဆောက်ရာတွင် လက်ရှိချမှတ်ထားသည့် မူဝါဒ ဥပဒေက ယုံကြည်မှုကို ပျက်ပြားစေမှု ရှိမရှိ အားနည်းချက်များကို ဆန်းစစ်ရမည်ဖြစ်သည်ဟု စကားဝိုင်းဆွေးနွေးပွဲကို ပါဝင်ဆွေးနွေးခဲ့သော ငြိမ်းဖောင်ဒေးရှင်း (Shalom Foundation)မှ Maran Jaw Gun ကယခုလိုပြောဆိုထားပါသည်။

“ကျနော်တို့ အချင်းချင်း သဟဇာတကိုတည်ဆောက်မယ်ဆိုရင် လက်ရှိပြဌာန်ထားတဲ့ မူဝါဒ ဥပဒေတွေက လူမှုသဟဇာတကို ဘယ်လောက်ထိပျက်ပြားစေသလဲ။ ဒါမှမဟုတ် အားနည်းစေတဲ့ အချက်တွေကို ပြန်ဆန်းစစ်ရမယ်ဖြစ်တယ်။ နောက်ပြီးရင် ရှိနေတဲ့ မူဝါဒတွေကို ပြန်ပြင်ဆင်မှုတွေ ပြုလုပ်ရမယ်ဖြစ်တယ်။ ပြီးရင် လူမျိုးအချင်းချင်းရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ သူတို့တန်ဖိုးထားတဲ့ အရာတွေ၊ အချင်းချင်းပေါင်းစည်းလာနိုင်တဲ့ လုပ်ငန်းစဉ်တွေကို အကောင်ထည်ဖော်ပေးရမည်” ဟု ပြောဆိုသည်။

ပြည်နယ်တစ်ခုအတွင်း မတူညီတဲ့ မျိုးနွယ်စုများရှိကြသည်ဖြစ်သည့်အတွက် ၎င်းတို့၏ ယဉ်ကျေးမှု အမွေအနှစ် ဓလေ့ထုံးတမ်းများကို သက်ဆိုင်ရာအစိုးရက ပြန်လည် အကောင်အထည်ဖော် ပံ့ပူးပေးခြင်းဖြင့် လူမှုသဟဇာတများ ရရှိလာမည်ဖြစ်ကြောင်းကို သူက ဆက်လက်ပြောဆိုခဲ့သည်။

စကားဝိုင်းတွင် Kachin Democratic Institute (KDI)မှ Dr. Gumgrawng Hkan Naw၊ ဆရာတော် ဒေါက်တာ အရှင် ဝိစိတ္တသာရ၊ မိုးကောင်းမြို့အခြေစိုက် All to One လူထုပူးပေါင်းကူညီမှုကွန်ယက်မှ ဦးကျော်ထွေးမောင် နှင့် Kachin Time သတင်းဌာနမှ Slg. Htingnan Htoi Awng တို့လည်း ဦးဆောင်ဆွေးနွေးကြပြီး လူ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်။

May 12, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန် ဦးဆောင်တဲ့ အဖွဲ့တွေဟာ...
May 11, 2026
နော်ထွယ့်(ဟူးကောင့်) — ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တရုတ်တစ်သျှူးငှက်ပျော...
May 11, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ  ဧပြီလတစ်လအတွင်းယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၅ ဦးအနက်...
May 9, 2026
စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို...