နမ့်ခမ်းမြို့အနီး တိုက်ပွဲကြောင့် ဒေသခံအချို့ နီးစပ်ရာသို့ ပုန်းရှောင်နေရ

နမ့်ခမ်းမြို့အနီး တိုက်ပွဲကြောင့် ဒေသခံအချို့ နီးစပ်ရာသို့ ပုန်းရှောင်နေရ

ယနေ့ သြဂုတ် ၂၂ ရက် နံနက် ၁၀ နာရီခွဲခန့် နမ့်ခမ်းမြို့၊ အရှေ့ဘက် လေးမိုင်ခန့်အကွာ ကောင်းဝိုင်းရွာအုပ်စု အနီး တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံရွာသားအချို့ နီးစပ်ရာ ပုန်းရှောင်နေကြရကြောင်း နမ့်ခမ်းမြို့ အမှတ်(၂) မဲဆန္ဒနယ်မှ လွှတ်တော်အမတ် ဦးအေးမောင်က မဇ္စျိမသို့ ပြောသည်။

“မနက်ကတည်းက သေနတ်အသံကြားတော့ အကုန်ထွက်ပြေးကြတာပေါ့နော်။ တောင်ထဲ၊ ယာထဲပေါ့ဗျာ။ ပုန်းကြတာပေါ့” ဟု ၎င်းက ဆိုသည်။

မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နှင့် တပ်မတော်တို့ ကောင်းဝိုင်းကျေးရွာအုပ်စုထဲရှိ လွိုင်လောင်ဝ်ရွာနှင့် ကောင်းဝိုင်းရွာအကြားတွင် သြဂုတ် ၂၂ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တိုက်ပွဲနှင့် ပိုမိုနီးကပ်သည့် လွိုင်လောင်ဝ်ရွာမှ ရွာသားအချို့မှာ မြို့ပေါ်သို့ ထွက်ပြေးရန် ပြင်ဆင်နေကြောင်းလည်း ဦးအေးမောင်က ဆိုသည်။

“ကျွန်တော်တို့က ဒုက္ခသည်ကို သွားကယ်ဖို့အတွက်တော့ စီစဉ်ထားတာပေါ့နော်။ ဒါပေမယ့် အခု သေနတ်သံလည်း ပိတ်သွားပြီပေါ့။ ဆိုတော့ သူတို့လာမယ်၊ မလာဘူး ခဏနေမှ သတင်းရမယ်” ဟု ၎င်းက သြဂုတ် ၂၂ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် အတည်ပြုပြောသည်။

လတ်တလောတွင် ရွာအနီး ဖြစ်ပွားသော တိုက်ပွဲကြောင့် အရပ်သားထိခိုက်မှု ရှိ၊ မရှိကိုမူ မသိရှိရသေးကြောင်း သိရသည်။

တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ TNLA ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်ကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ “ ဒီမနက် ဆယ်နာရီလောက်မှာ နမ့်ခမ်းအထက်နားက ကောင်းဝိန်းရွာနားမှာ ပြန်ဖြစ်နေတယ်။ အသေးစိတ်အချက်အလက်တော့ မသိရသေးဘူး။ လက်ရှိအချိန်အထိ တိုက်ပွဲပြီးသွားပြီဆိုတဲ့ သတင်းတော့ ဌာနချုပ်ကို မလာသေးဘူး” ဟုသာ ဖြေကြားခဲ့သည်။

ကောင်းဝိုင်းရွာအုပ်စုတွင် ရွာ လေးရွာရှိပြီး တိုက်ပွဲနှင့်နီးသည့် လွိုင်လောင်ဝ်ရွာတွင် အိမ်ခြေ ၇၀၊ ၈၀ ခန့်ရှိပြီး ကောင်းဝိုင်းရွာတွင် အိမ်ခြေ ၂၀၀ နီးပါးအထိ ရှိကြောင်း သိရသည်။

တိုက်ပွဲ၌ လက်နက်ကြီး၊ လက်နက်ငယ်အသံများ အဆက်မပြတ် ကြားခဲ့ရသည်ဟု သိရပြီး လက်ရှိတွင် နမ့်ခမ်းမြို့အတွင်းရှိ ကျောင်းများ၊ စျေးများ ပိတ်ထားရကာ နမ့်ခမ်းမြို့အတွင်း လူသွားလူလာ တိတ်ဆိတ်နေ ကြောင်း ကြားသိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...
May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...