ဆွမ်ပရာဘွမ်မြို့တွင် ဖုန်းဆက်သွယ်ရေးအလုပ်သမားက အစိုးရကျောင်းဆရာမ ၁ ဦးကို ရိုက်နက်

ဆွမ်ပရာဘွမ်မြို့တွင် ဖုန်းဆက်သွယ်ရေးအလုပ်သမားက အစိုးရကျောင်းဆရာမ ၁ ဦးကို ရိုက်နက်
Photo-Nrang Sam Naw
Photo-Nrang Sam Naw

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့ အစိုးရဝန်ထမ်း ကချင်ကျောင်းဆရာမ ၁ ဦးအား ဖုန်းကုမ္မဏီတစ်ခုမှ အလုပ်သမား ၂ ဦး က ရိုက်နက်မှု သြဂုတ်လ ၁၇ရက်နေ့ ဖြစ်ပွားခဲ့ကြောင်း ရိုက်နက်ခံရသည့် မိသားစုဝင်ထံမှ သိရပါသည်။

လက်ရှိ ဆွမ်ပရာဘွမ် အထက်တန်းကျောင်းတွင် မူလတန်းပြအဖြစ် တာဝန်ထမ်းဆောင်နေသော အသက် ၂၆ နှစ်အရွယ်ခန့်ရှိကြသည့် ဆရာမ N sen Lu Bu (အင်ဆန်းလုဘူ) နှင့် ဆရာမ Nang Lum Aung (နန်လွမ်အောင်) တို့ ၂ဦးသည် စနေနေ့ ကျောင်းပိတ်ရက် ရွာအနီးတစ်မိုင်ခန့်အကွာ ပြည်ထောင်စုလမ်းမနဘေး တောတစ်နေရာတွင် ဟင်းရှာထွက်နေစဉ် ဆက်သွယ်ရေးဖုန်းကြိုး လိုက်မြုပ်နေသော ရတနာပုံကုမ္မဏီမှ အလုပ်သမား၂ဦးက ဆရာမတစ်ဦး၏ ခေါင်းနောက်စေ့ကို ရိုက်နက်ခဲ့ကြောင်း ရိုက်နက်ခံရသူ၏ ဦးလေးတော်စပ်သူ Slg.Nrang Sam Naw (ဦးအင်ရန်ဆမ်နော်) က ယခုလို ပြောဆိုပါသည်။

“ဖုန်းအလုပ်သမား ၂ ယောက်က ဆရာမနှစ်ယောက် ရှိတဲ့ဘက်ကို လိုက်လာပြီး ဆရာမ N sen Lu Bu ရဲ့ ခေါင်းနောက်စေ့ကိုရိုက်ပေးလိုက်တယ်။ နောက်အဲ့မှာဘဲ သူက လဲကျသွားတယ်။ သူတို့က ဘာအကြံအစည်ရှိမှန်းလည်း မသိဘူး။ အဲမှာ ကျန်နေတဲ့ ဆရာမ Nang Lum Aung ကအော်ငိုပြီး ရဲစခန်းကို ဖုန်းဆက်နေတဲ့အချိန် အဲ့အလုပ်သမား ၂ဦး ထွက်ပြေးသွားတယ်။”ဟု ရိုက်ခံရသည့် ဆရာမ၂ ဦးက ယခုလိုပြောပြကြောင်း ၎င်းက ဆိုသည်။

ဆရာမ ၂ဦး ပြန်လည်ပြောဆိုချက်အရ အဆိုပါဖြစ်ရပ်သည် အဓမ္မပြုကျင့်လိုမှုကြောင့် သို့မဟုတ် လက်ဝတ်ရတနာ လုယှက်လိုမှု တို့ကြောင့် ဖြစ်နိုင်ကြောင်း သိရပါသည်။

၎င်းကိစ္စကို အမှုမဖွင့်ဘဲ ကျေအေးပေးရန် သြဂုတ်လ ၁၈ရက်နေ့တွင် ကျူးလွန်သူ အလုပ်သမား ၂ ဦးဘက်တာဝန်ရှိသူများက ဆရာမ ၂ ဦးကို ပြောဆိုခဲ့သော်လည်း လက်ခံမှုမရှိဘဲ တရားဥပဒေနဲ့အညီသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရပါသည်။

“၂ ယောက်ထဲက တစ်ယောက်က ရိုက်ခံရတာ မှန်ပါတယ်။ ပြီးရင် ဆေးရုံပို့ထားပေးတယ်။ ဆရာမ နှစ်ယောက် ပြောတော့ နောက်ကနေ ရိုက်ခံရတယ်လို့တော့ ပြောပြတယ်။ အခုလက်ရှိမှာတော့ တရားရုံးကို ဦးတိုက်လျှောက်ထား ပေးတယ်။ ကျန်တာက တရားရုံးကနေ ဆုံးဖြတ်ပေးလိမ့်မယ်”ဟု ဆွမ်ပရာဘွမ် ရဲစခန်းမှူး ဦးအောင်မျိုးကျော် ပြောဆိုထားသည်။

လက်ရှိတွင် ပြင်းထန်စွာ အရိုက်ခံရသော ဆရာမ N Sen Lu Bu သည် ဆွမ်ပရာဘွမ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရပါသည်။

ပြစ်မှုကျူးလွန်သူမှာ အသက် ၂၈နှစ်အရွယ် ဖုန်းဆက်သွယ်ရေးအလုပ်သမား စိုးလွင်ဦး ဖြစ်ကြောင်း သိရပါသည်။

January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...
January 13, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက စစ်ရှောင်စခန်းတစ်ခုမှာ ဖျားနာသေဆုံးသူတွေ ပိုများလာပြီး...
January 10, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ယုန်းအောင်အဖွဲ့ စိုးမိုးထားတဲ့...
January 9, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့...